မတော်တဆခွေးကိုက်ခံရလျှင်
25-Aug-2018
အဆင့်(၁)
- ဒဏ်ရာကို ရေများများနှင့် ဆေးကြောပါ။
- ဆပ်ပြာသုံး၍လည်း ဆေးကြောနိုင်ပါတယ်။
- ရေဆေးပြီးလျှင် အရက်ပြန်နှင့် သန့်စင်ပါ။
- မလိုအပ်ပါက ဒဏ်ရာကိုမချုပ်ပါနှင့်။
- ချုပ်ရန်လိုပါက Rabies Immuno globulin (RIG) ကို ဦးစွာထိုး၍
နာရီအနည်းငယ်ကြာမှသာ ချုပ်ပါ။
အဆင့်(၂)
- (၅) ကြိမ်ထိုးရသောခွေးရူးရောဂါကာကွယ်ဆေးနှင့် (၄) ကြိမ်ထိုးရသော
ခွေးရူးရောဂါကာကွယ်ဆေး ဟူ၍ ဆေးထိုးနည်း (၂) နည်းရှိပါသည်။
- သင့်တော်သောနည်းကို ဒဏ်ရာအရွယ်အစားနှင့် ကာကွယ်ဆေးရရှိနိုင်မှု
အပေါ်တွင်မူတည်၍ ဆရာ ဝန်မှ ဆုံးဖြတ်ပေးရပါမည်။
(၅) ကြိမ်ထိုးရသော ဆေးထိုးရက်များ
စစထိုးခြင်းနေ့၊ (၃) ရက်မြောက်နေ့၊ (၇) ရက်မြောက်နေ့၊
(၁၄) မြောက်နေ့၊ (၂၈) ရက်မြောက် နေ့တွင် တစ်လုံးစီထိုးပေးရပါမည်။
(၄)ကြိမ်ထိုးရသော ဆေးထိုးရက်များ
စစထိုးခြင်းနေ့တွင် (၂) လုံး၊ (၇) ရက်မြောက်နေ့တွင် (၁)လုံး၊
(၂၁) ရက်မြောက်နေ့တွင် (၁) လုံးထိုးပေးရပါမည်။
Ref:
ဒေါက်တာခြူးမျက်ချယ်
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

