Print

အမျိုးသမီးတွေ ဒေါက်ဖိနပ်စီးတော့ ဘာဝေဒနာတွေ ရတတ်ပါသလဲ

  25-Feb-2017
Preview Image

 

ငယ်ငယ်ရွယ်ရွယ်နဲ့ ဒူးနာပါတယ်။ အချိန်မတန်မီ ဒူးအရိုးနုလေးတွေစားလို့ ငယ်ငယ်နဲ့ ဒူးကျီးပေါင်းတက်တာ၊ ဒူးနာတာဖြစ်ကြ၊ ဆရာဝန်ပြရတာတွေ ရှိတယ်။ နောက်ပြီး ခါးနာပါတယ်။ ခြေသလုံးကိုက်တယ်၊ ခြေဖဝါးနာတယ် စတာတွေလည်း အပေါ်ကပြောခဲ့သလိုပဲ ပိုဖြစ်လာကြတာပေါ့။

 

ဒါဆို ကာကွယ်ဖို့ လိုပါသလား
အကောင်းဆုံးနည်းကတော့ သဘာဝကျကျ ဖိနပ်မပါဘဲ သွားဖို့ပါပဲလို့ ဆိုတဲ့ သူတွေတောင်ရှိပါတယ်။ တစ်လက်မခွဲထက် မပိုရင်တော့ ထိခိုက်မှုက သိပ်မသိသာပါဘူး လို့ သုတေသနလုပ်တဲ့သူတွေ ရှိတာကြောင့် သမီးပျိုတို့အတွက် သတင်းကောင်းပါပဲ။ နောက်တစ်ခုလုပ်နိုင်တာကတော့ ဒေါက်မြင့်ကို အချိန်နည်းနိုင်သမျှနည်းနည်းစီးဖို့။ ရုံးသွား၊ ရုံးပြန် လူရှေ့သူရှေ့မှာ စတိုင်လ်နဲ့ စီးချင်ရင်လည်းစီးပါ။ 

 

ညနေပြန်တော့ ဒေါက်ဖိနပ်လှလှလေးကို ပြန်ပြောင်းစီးမယ်ဆိုရင်လည်း ရနိုင်ပါ တယ်။ တစ်နေ့လုံးကော့ပြီး တောင့်ထားတဲ့ ကျောရိုးတွေ၊ ကြွက်သားတွေ အနားရအောင် ညမှာပက်လက်ဆန့်ဆန့် အိပ်ပေးတာမျိုးတွေ၊ ကြပ်စည်းထားခံရသလိုဖြစ်ပြီး လမ်းလျှောက်ချိန်မှာ အတွင်းဘက်ကို လည်မပေးနိုင်ခဲ့ရတဲ့ ခြေဖဝါးတွေကို အတွင်း ဘက်လှည့်လိုက်၊ အပြင်ဘက်လှည့်လိုက်၊ အောက်စိုက်၊ အပေါ်ကော့ စတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးတာမျိုးကို အနည်းဆုံး တစ်နေ့ (၂) မိနစ်မှာ (၁၀) မိနစ်လောက် လှည့်ပြီး လုပ်ပေးမယ်ဆိုရင် ဒေါက်ဖိနပ်လည်း စီး၊ လှလည်းလှ၊ ရောဂါလည်း မရဘူးပေါ့။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးချစ်စိုး
(အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြိး)
Ziwaka magazine, April 2016, Pg. 32-33

 



Related Articles


Advertisment 18