နေ့ဆိုင်းညဆိုင်း ပြောင်းရွှေ့ပြီး အလုပ်လုပ်ရသူများ ကင်ဆာနှင့် ဆီးချိုရ...
25-Feb-2017
နေ့ဆိုင်းညဆိုင်း ပြောင်းရွှေ့ပြီး အလုပ်လုပ်ရသူတွေဟာ ကင်ဆာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေများတယ်လို့ လေ့လာမှုအသစ်အရ ဖော်ပြထားပါတယ်။ ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းသို့ လေယာဉ်ပျံနဲ့ ခရီးသွားရာမှာ ဇုန်တစ်ခုနှင့် တစ်ခုကြား အချိန်ကွာခြားမှုကြောင့် အိပ်စက်ချိန်ကမောက်ကမ ဖြစ်သွားရင် သားမြတ်ကင်ဆာ၊နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် တခြားအသက်အန္တရာယ်ရှိတဲ့ ရောဂါရရှိနိုင်ခြေ မြင့်မားတယ်လို့လည်း တွေ့ရှိထားပါတယ်။
လူ့ခန္ဓာကိုယ်အတွင်း ဗီဇဂျင်းပေါင်း ၂၄၀၀၀ ခန့်ရှိပြီး အိပ်စက်ချိန် ပြောင်းလဲမှုကြောင့် ဗီဇဂျင်းပေါင်း ၂၄၀၀၀ ကျော်ဟာ ပျက်စီးနိုင်ကာ ကျန်းမာရေးပြဿ နာတွေဖြစ်နိုင်တယ်လို့ သုတေသီတွေက ရှင်းပြပါတယ်။ မျိုးရိုးဗီဇဂျင်းတွေထဲက ၆ ရာခိုင်နှုန်း ဟာ ဇီဝနရီနဲ့ ဆက်စပ်နေပါတယ်။ ဆိုလိုတာက ဒီဇီဝနရီနဲ့ ဆက်စပ်နေတဲ့ မျိုးရိုး ဗီဇဂျင်းတွေရဲ့ လုပ်ဆောင်ချက်ဟာ တခြားအချိန်မှာထက် နေ့ခင်းအချိန်တွေမှာ အမြင့်ဆုံးဖြစ်နေပြီး ခုခံအားဆိုင်ရာ လုပ်ဆောင်ချက်တွေကိုလည်း လှုံ့ဆော်နိုင်တယ်လို့လည်း သိရပါတယ်။
တခြားလေ့လာမှုတစ်ခု အရလည်း ညဆိုင်းအလုပ်လုပ်ရသူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ သုံးဆပိုများပြီး အိပ်ရေးမဝတာနဲ့ စိတ်ကျန်းမာရေးပြဿ နာ၊ ကင်ဆာရောဂါ၊ စိတ်ကျရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါနဲ့ လေဖြတ်နိုင်ခြေတွေနဲ့ ဆက်စပ်မှု ရှိတယ်လို့လည်း သိရပါတယ်။ ဒီလေ့လာမှုမှာ ပါဝင်သူပေါင်း ၂၂ ယောက်ကို ၂၈ ရက် တာ လေ့လာထားပြီး တစ်နေ့ကိုအိပ်ချိန် လေးနာရီစီ နောက်ဆုတ်ကာ စမ်းသပ်ထားရာမှ
တွေ့ရှိထားတယ်လို့ သိရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, No.260, March 2015, Pg. 141
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
