အိပ်ခန်းထဲ၌ ဖုန်းအားသွင်းခြင်းဖြင့် သင့်ကိုဝစေနိုင်
25-Feb-2017
ညဘက်အိပ်စက်စဉ် အိပ်ခန်းထဲတွင် ဖုန်း၊ တက်ဘလက်စသည်တို့ကို အားသွင်းခြင်းဖြင့် သင်၏လှပစွာ အိပ်စက်မှုကို အဟန့်အတား ဖြစ်စေရုံသာမက သင့်ကိုဝစေနိုင်ကြောင်း လေ့လာသူတို့က ဆိုသည်။ လူ့ခန္ဓာကိုယ်တို့သည် အစားအသောက်များကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ရန် မှန်ကန်သော ဟော်မုန်းပမာဏ ထွက်ရှိနိုင်ရေးအတွက် ညဘက်တွင် မှောင်မည်းသော ပတ်ဝန်းကျင် လိုအပ်ကြောင်း၊ လမ်းမီးရောင်နှင့် အခြားမီးရောင်တို့ကြောင့် ညဘက်တွင် မယ်လတိုနင်ဟော်မုန်း ထွက်ရှိမှုကို အဟန့်အတားဖြစ်စေကြောင်း သိရသည်။
ဖုန်း၊ တက်ဘလက်အစရှိသည့် လျှပ်စစ်ပစ္စည်းတို့ကို အားသွင်းထားစဉ် ထွက်ရှိလာသော အပြာရောင် အလင်းတန်းသည် အိပ်စက်မှုကို အဟန့်အတားဖြစ်စေပြီး ဇီဝရုပ်ဖြစ်ပျက်မှုအပေါ် သက်ရောက်မှုရှိကြောင်း သိရသည်။ လျှပ်စစ်ပစ္စည်းတို့ကို အားသွင်းစဉ် ထွက်လာသော အလင်းရောင်သည် အိပ်ခန်းကို မလင်းစေနိုင်သော်လည်း လူ့ခန္ဓာကိုယ်ကိုမူ အဟန့်အတားဖြစ်စေနိုင်ဆဲဖြစ်ကြောင်း လေ့လာသူတို့က ဆိုသည်။ ကြွက်များတွင် မယ်လတိုနင်ဟော်မုန်းကို ထိုးသွင်းခြင်းဖြင့် ကိုယ်တွင်းစနစ်များကို ထိန်းညှိပေးနိုင်တာ အဝလွန်ရောဂါနှင့် ဆီးချိုရောဂါတို့ကို တွန်းလှန်ပေးနိုင်ကြောင်း စပိန်ရှိ ဂရန်နာဒါတက္ကသိုလ်အသင်းက တွေ့ရှိခဲ့သည်။
ယခုလေ့လာမှုအရ ညဘက်တွင် ကွန်ပျူတာ (သို့) စမတ်ဖုန်းအသုံးပြုခြင်းသည် ကိုယ်အလေးချိန်များစွာ မြင့်တက်စေနိုင်ကြောင်း။ အကြောင်းမှာ ဖုန်းအားသွင်းစဉ် ထွက်လာသော အပြာရောင် အလင်းတန်းသည် ဆာလောင်မှုကို တိုးစေနိုင်ကြောင်း၊ ဆာလောင်မှုမှာ ခုနစ်နာရီခန့် မြင့်တက်လာသဖြင့် ထမင်းစားပြီးလျှင်ပင် ဆာလောင်မှုကို တိုးစေနိုင်ဆဲဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ သို့ဖြစ်၍ စမတ်ဖုန်း၊ တက်ဘလက်နှင့် ကွန်ပျူတာတို့ကို အိပ်ရာမဝင်မီ နှစ်နာရီအလိုတွင် ပိတ်ထားခြင်းဖြင့် အလင်းတုနှင့် ထိတွေ့နှုန်းကို လျော့ကျစေကြောင်း လေ့လာသူတို့က အကြံပြုထားသည်။ယခင်အစောပိုင်း လေ့လာမှုများအရ အိပ်ရေးပျက်ခြင်းသည် ခန္ဓာကိုယ်ဇီဝနာရီကို ထိခိုက်စေသဖြင့် ကင်ဆာ၊ နှလုံးရောဂါ၊ အမျိုးအစား (၂) ဆီးချိုရောဂါနှင့် အဝလွန်ရောဂါတို့ကဲ့သို့ ပြင်းထန်သော ကျန်းမာရေးပြဿ နာကို ဖြစ်စေနိုင်ကြောင်း သိရှိရပြီးဖြစ်သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ခိုင်ဇွန်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.270, January 2015, Pg.132
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
