သွေးသန့်ဆေးနှင့် အလွဲများ
25-Feb-2017
သွေးသန့်ဆေးဟူသော အသုံးတစ်ခု ကြားဖူးပါသည်။ သွေးသန့်ဆေး ထိုးပေးဖို့ အချို့တောင်းဆိုကြသည်။ လိင်မှကူးစက်သော ရောဂါများနှင့်
ပတ်သက်သော အသုံးဟုထင်ပါသည်။ သွေးသန့်ဆေးဟု ပြောကာ ဆေးဆိုင်တွေမှာ ဝယ်လျှင်တော့ Cetrizine တွေ ပေးကြတာ များပါသည်။ ဘာမီတွန်လို ဆေးပါပဲ။ အိပ်ငိုက်သောဆေးအုပ်စုမှာ ပါပါသည်။ အချို့ကတော့ Cetrizine သောက်လျှင် အိပ်ချင်သည်ဟု ဆိုပါသည်။ (BNF ကတော့ အိပ် ချင်တာလည်း ရှိနိုင်သည်ဟု သတိပေးပါသည်) Cetrizine သောက်တော့ အယားပြေတာပေါ့။ အချို့ဆေးဆိုင်တွေက Ketoconazole ပေးကြသည်။ ရက်စက်လိုက်တာဗျာ။ Ketoconazole ကို အဆိပ်လောက်နီးနီးပြောပါသည်။ ညှင်းလို၊ ပွေးလို အရေပြား မှိုတက်ရုံဆို Ketoconazole မသောက်ဖို့ သတိပေးပါသည်။ အပြင်မှာတော့ Ketoconazole ကို သွေးသန့်ဆေးအဖြစ် ရောင်းချဆဲ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နိုင်လင်းထွန်း (ဆေး/မန်း)
Arogyam magazine, No.260, March 2014, Pg.172
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
