ရုတ်တရက်သတိလစ်ခြင်း(Syncope)
13-Aug-2018
ယနေ့တင်ပြပေးချင်တာကတော့ လူတိုင်းနီးပါးခံစားဖူးတဲ့
ရုတ်တရက်မူးဝေလာပြီးနောက် သတိလစ်သွားတတ်တဲ့ အကြောင်းအရာလေးဘဲ ဖြစ်ပါတယ်။
Syncope မှာတော့ သတိလစ်တဲ့ကြာချိန်က ၁မိနစ် ၂မိနစ်ပါဘဲ ပြီးရင်တော့ အလိုလိုပြန်သတိရလာပါတယ်။ ဒီလိုသတိလစ်ခြင်းက အသက်အန္တရာယ်မရှိပေမဲ့ သတိလစ်နေချိန်မှာ
လဲကျပြီး ထိမိခိုက်မိတာကြောင့် အန္တရာယ်ဖြစ်နိုင်ပါတယ်။ တက်ခြင်း၊ သွေးလန့်ခြင်း၊လေဖြတ်ခြင်း တို့တွင်လည်း သတိလစ်မေ့မြော တတ်ပါ တယ်။အသက်အန္တရာယ်
ရှိပါသည်။ Syncope နှင့်မမှားမိစေရန် သတိပြုစေလိုပါသည်။ ဦးနှောက်ကို
သွေးခဏတာ မရောက်တာကြောင့်ဘဲဖြစ်ဖြစ် သွေးအရောက်နည်းလို့ဘဲ
ဖြစ်ဖြစ် သတိလစ် တတ်ပါတယ်။
ခန္ဓာကိုယ်မှာ သွေးပေါင်ကျနေတဲ့အချိန်၊ နှလုံးကကောင်းကောင်း အလုပ်မလုပ်နိုင်လို့ ဦးနှောက်ဆီသို့ သွေးကို
လုံလုံလောက်လောက် မပို့ပေးနိုင်သောကြောင့် သတိလစ်တတ်ကြပါတယ်။ အချိန်အကြာကြီး မတ်တပ်ရပ်ရတဲ့
အခါမျိုးမှာ ကမ္ဘာမြေကြီး၏ ဆွဲအားကြောင့် ခြေထောက်တွင် သွေးများစုနေပြီး ဦးနှောက်ဆီသို့
သွေးကောင်းကောင်းမရောက်တဲ့အခါ မျိုးမှာလည်း သတိလစ်လေ့
ရှိပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ ပူလွန်းတဲ့အချိန်မှာ
ချွေးအရမ်းထွက်ခြင်း၊ ဆီးအရမ်းသွားပြီးနောက် ခန္ဓာကိုယ်မှ ရေဓာတ်အလွန်အကျွံ ဆုံးရှုံးသွားသောအခါ
တွင်လည်း ဖြစ်တတ်ပါသည်။ Syncope အမျိုးအစားသတိလစ်ခြင်း များဖြစ်ပါသည်။
သတိမလစ်ခင်မှာတော့ သန်းခြင်း၊ မူးဝေခြင်း၊ ချွေးစေးများထွက်ခြင်း၊
ပျို့အန်ချင်ခြင်း၊ အသက်ရှူမြန်လာခြင်း၊ အမြင်တွေေ၀ဝါးခြင်း၊ နားအူလာခြင်းတို့ ဖြစ်တတ်ပါသည်။ အများစုကတော့ အသက်အန္တရာယ်မရှိပါဘူး။ သတိပြန်ရပြီးနောက်
သတိ မလစ်ခင်က ကိစ္စများကို ပြန်မှတ်မိ ကြပါတယ်။ သို့သော်လည်း လိုအပ်သော စစ်ဆေး မှုများြပုလုပ်နိုင်ရန်အတွက် နီးစပ်ရာဆေးရုံဆေးခန်းသို့ ချက်ချင်းသွားပြသင့်ကြောင်း အကြံပြု
ချင်ပါသည်။
Ref: Medscape
By Dr. Chu Myet Chel
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
