သင့်မျက်လုံးတွေကို မကာကွယ်ပေးနိုင်သော နေကာမျက်မှန် လက္ခဏာများ
25-Feb-2017
နေကာမျက်မှန်ဆိုတာ ပတ်ဝန်းကျင်မှ အမှုန်အမွှားတွေ စသည်ဖြင့် သင့်ရဲ့မျက်လုံးဆီသို့ တိုက်ရိုက်မရောက်အောင် ကာကွယ်နိုင်တဲ့ ကြားခံပစ္စည်းတစ်ခု ဖြစ်ပါတယ်။ နေကာမျက်မှန်ဟာ သင့်ရဲ့မျက်လုံးဆီသို့ မလိုလားအပ်တဲ့ ပြဿ နာတွေ မသယ်ဆောင်လာနိုင်အောင် ကာကွယ်ပေးတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ သင်ဟာနေကာမျက်မှန်တွေ တပ်ဆင်ရတာ ကြိုက်နှစ်သက် သူတစ်ယောက်ဆိုရင် သင့်မျက်လုံးတွေကို ကာကွယ်ပေးမယ့် ဘယ်လိုနေကာ မျက်မှန်မျိုးကို ရွေးချယ်မလဲ။ American Optometric Association မှ လေ့လာသူတွေကတော့ သင်မရွေးချယ်သင့်တဲ့ လက္ခဏာတွေရှိတဲ့ နေကာမျက်မှန် သုံးမျိုးအကြောင်းကို တင်ပြထားပါတယ်။
အာမခံချက်မရှိတဲ့ နေကာမျက်မှန်
အနည်းဆုံး ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ မညွှန်းထားတဲ့၊ အာမခံချက်မရှိတဲ့ နေကာမျက်မှန်မျိုးကို မဝယ်ပါနဲ့။ အမည်းရောင် မျက်မှန်များရှိသော်လည်း ခရမ်းလွန်ရောင်ခြည်ကို မကာကွယ်နိုင်ပါဘူး။
အကျယ်အဝန်းသေးတဲ့ နေကာမျက်မှန်
သင့်အနေနဲ့ တတ်နိုင်သမျှ အကျယ်အဝန်းကျယ်တဲ့၊ ကြီးမားတဲ့ နေကာမျက်မှန်မျိုးကို ရွေးချယ်ပါ။ Celebstyle Frames လို့ခေါ်တဲ့ ကြီးမားကျယ်ပြန့်တဲ့ နေကာမျက်မှန်တွေဟာ သင့်ရဲ့မျက်ခုံးနဲ့ ပါးရိုးတွေကို နေရောင်ခြည်ဒဏ် မရောက်ရှိအောင် ပိုပြီးကာကွယ်ပေးနိုင်ပါတယ်။
ခြစ်ရာ၊ အစင်းရာပါတဲ့ နေကာမျက်မှန်
အသုံးများပြီး ပျက်စီးနေတဲ့ ခြစ်ရာ၊ အစင်းရာတွေပါတဲ့ နေကာမျက်မှန်တွေကို သုံးမရတော့့တဲ့ နေကာမျက်မှန်တွေအဖြစ် သတ်မှတ်ထားပါ။ ဒါမှမဟုတ် ကောင်းမွန်တဲ့ မျက်မှန်တွေကို သတိထားပြီး လှယ်ပေးပါ။ ပျက်စီးနေတဲ့၊ ခြစ်ရာ၊ အစင်းရာတွေပါတဲ့ နေကာမျက်မှန်တွေဟာ သင့်ရဲ့ မျက်လုံးတွေရဲ့ ကြွက်သားတွေကို ပိုမိုအလုပ် လုပ်မှုဖြစ်စေပြီး ဒီအချက်ဟာ ခေါင်းကိုက်ခြင်းဖြစ်ဖို့ ဦးတည်နိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နေရည်ချို
Health for all magazine, No.100, May 2015, Pg. 80
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
