ပြုစားခံရနေရခြင်းမဟုတ်သော Down's Syndrome
04-Aug-2018
Down's Syndrome ဆိုတာဘာလဲ
ဒီရောဂါကို တစ်ချို့က ပြုစားခံနေရတယ်လို့ဆိုပါတယ် ။
တောရွာတွေဖက်မှာဆို လူပြုစားသလိုလို စုန်းနဲ့ပဲလုပ် သလိုလိုနဲ့ ပြောလေ့ရှိပါတယ် ။
Down's Syndrome အကြောင်းမပြောခင် အရင်ဆုံး Karyotyping ဆိုတာဘာလဲ ရှင်းပြပါမယ် ။
Chromosome အရေအတွက်နဲ့ ပုံသဏ္ဍာန် တစ်စုံပါဝင်တဲ့ Cellular chromosome profile တစ်ခုကို
Karyotype လို့ခေါ်ပါတယ် ။ လူတွေမှာ Chromosome အပြည့်အစုံ 46 ခုရှိပါတယ်။ တူညီတဲ့
Gene တွေပါဝင်တဲ့ Homologous autosomes ၂၂စုံပါဝင်ပြီး မျိုးပွားအင်္ဂါ ခရိုမိုစုန်း
တစ်စုံပါဝင်ပါတယ် ။ မိန်းမကလေးမှာ 46XX ဖြစ်ပြီး
ယောကျ်ားလေးမှာ 48XY ဖြစ်ပါတယ် ။ အဲဒီလို Chromosone အရေအတွက်
(သို့မဟုတ်) ပုံသဏ္ဍာန်မှာ ချို့ ယွင်းချက်ရှိနေတာကို Abnormal Karyotype လို့ခေါ်ပါတယ်။
Down ရောဂါဟာ Abnormal Karyptype ပါဝင်နေခြင်းဖြစ်ပါတယ် ။ သူက 47XY(+21) ဖြစ်နေပါတယ်
။ +21 ကတော့ပဲဖြစ်ပါတယ် ။ Down's Syndrome ရဲ့ ၉၅%ဟာ အမေဖက်က နေပြီးကြောင့်ဖြစ်ပါတယ်
။ ၂ - ၃ % မှာတော့ Trisomy 21 ဟာ Genetic ပစ္စည်းတွေကို Chromosone တစ်ခုကနေ တစ်ခုကို
လွှဲပြောင်းပေးတဲ့နေရာ Translocations မှာဖြစ်ပါတယ် ။Down's Syndrome ရဲ့ ဖြစ်ပွားနိုင်မှုက အသက်အရွယ်မျိုးစုံမှာ၆၅၀မှာ ၁ယောက်ဖြစ်နိုင်ချေရှိပါတယ်။
Down's Syndrome ရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ
၁။ ဦးခေါင်းပိုင်းနှင့် မျက်နှာပိုင်းတွင်နောက်စေ့ပြား၍
ဦးခေါင်းသေးခြင်း
၂။ မျက်နှာပြားခြင်း
၃။ အပေါ်မျက်ခွံပြားခြင်း ၊ လန်ခြင်း ၊ မြောင်းပါရှိခြင်း
(Palpebral fissures)
၅။ ၄။ နှာခေါင်းသေး၍ နှာတံပြားခြင်း
၆။ နားရွက်တစ်စုံမှာ သေးငယ်၍ အောက်သို့အနည်းငယ်နိမ့်ခြင်း
၇။ လျှာတစ်လစ် တစ်လစ်ဖြစ်ခြင်း
၈။ မျက်ကြည်လွှာတွင် Brushfield အစက်ပါရှိခြင်း
၉။ ခြေများလက်များတွင်လက်များတို၍ ကျယ်ပြန့်ခြင်း
၁၀။ လက်သန်းလေးမှ အတွင်းဖက်သို့ ကွေးနေခြင်း(Clinodactly)
၁၁။ ခြေမနှင့်ခြေညှိုးကြားတွင်နေရာကျယ်ခြင်း(Sandal
gap)
အရိုးအဆစ်များ
လွန်စွာပျော့ပြောင်း၍ ကွေးရခြင်းစိတ်ပိုင်းဆိုင်ရာတွင်ချို့ယွင်းချက်များရှိခြင်း(ပြန်လည်လေ့ကျင့်ပေးလို့ရပါတယ် )
ကြွက်သားများတွင်
ပုံမှန်ထက်အားနည်း၍ tone လျော့နေခြင်း ( Hypotonia)
အရေပြားတွင်
လက်ဝါးပြင်ပေါ်တွင် အကြောင်းတစ်ကြောင်းသာပါရှိခြင်း (
Single Palmar Crease)လက်ထိပ်လေးများတွင် သာမန်ထက် အရစ်များပိုပါရှိခြင်း လက်တွေက တိုပြီးကျယ်တဲ့အတွက် လက်မနဲ့ လက်ညှိုးကြားက ထောင့်ဟာ ၆၀%ထက်ကျော်နေခြင်း
(ပုံမှန်ဆို ၆၀% လောက်ပဲရှိပါတယ် )အရွယ်အစား ဖွံ့ဖြိုးမှု အားနည်းခြင်းတို့ပဲ ဖြစ်ပါတယ် ။
Down တွေနဲ့တွဲနေတဲ့ ရောဂါတွေက ဘာတွေလဲ
၁ ။ မွေးရာပါ နှလုံးရောဂါများ (၄၀%)
၂ ။ မွေးရားပါ အစာအိမ်နှင့် အူလမ်းကြောင်းမှုမမှန်မှုများ
၃ ။ အဆုပ်ရောင်ရောဂါ အပါအဝင် အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းများ
ခဏခဏ ခံရခြင်း
၄ ။ သိုင်းရွက် ဟော်မုန်းနည်းခြင်း ( Hypothyrodism)
၅ ။ သွေးကင်ဆာဖြစ်နိုင်ရန် အခွင့်အလမ်းများခြင်းတို့ပဲ ဖြစ်ပါတယ်
။
Down's Syndrome ကို ဘယ်လိုကုသမလဲ
တိကျတဲ့ သီးခြားကုသမှု ရယ်လို့မရှိပါဘူး။ အထောက်အကူဖြစ်စေမယ့်
နည်းလမ်းတွေကတော့ အများကြီး ရှိပါတယ်။ Down ဟုတ်၊ မဟုတ်ကိုတော့ Chromosomal
analysis (Karyotyping ) လုပ်ခြင်း အားဖြင့်သိနိုင်ပါတယ်။
ထောက်ပံ့ပေးတဲ့ နည်းလမ်းတွေက ဘာတွေလဲ
၁ ။ လုပ်ဆောင်ချက်တွေ အစီအစဉ်တွေကို စောစောစီးစီး စတင်ရပါမယ်။
၂ ။ အသက်နဲနဲကြီးတဲ့ ကလေးတွေကို စကားပြောရာတွင် လေ့ကျင့်ပေးခြင်း။
၃ ။ အထူးသီးသန့်ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ သင်တန်းပေးခြင်း
။
၄ ။ ဆက်နွယ်နိုင်တဲ့ရောဂါတွေကို ပုံမှန်စစ်ဆေးပေးခြင်း
။ (နား နှာခေါင်း လည်ချောင်း ၊ မျက်စိ ၊ နှလုံး စစ် ဆေး ခြင်းများ ၊ သိုင်းရွက် ဟော်မုန်းစစ်ဆေးခြင်း
)
၅ ။ ဆက်နွယ်လျက်ရှိတဲ့ ရောဂါများကို ကုသပေးခြင်း ။ (မွေးရာပါ
နှလုံးရောဂါ ၊ အစာအိမ်အူလမ်း ကြောင်းရော ဂါများကို ခွဲစိတ်ကုသပေးခြင်း ၊ ရောဂါပိုးမဝင်အောင်
ကာကွယ်ခြင်း ၊ သွေးကင်ဆာကုသခြင်း )။
၆ ။ မိဘများပါ ပါဝင်လုပ်ဆောင်၍ ဆွေးနွေးခြင်း။
၇ ။ ရေရှည်ဖြစ်ပွားနိုင်သော အခြေအနေများကို သိရှိနားလည်ခြင်း။
၈ ။ စိတ်ပိုင်းဆိုင်ရာတွင် ကူညီထောက်ပံ့ပေးခြင်း။
၉ ။ Genetic နှင့်ပါတ်သတ်၍ ဆွေးနွေးခြင်း (ဘယ်လို ဘာကြောင့်ဖြစ်ပေါ်လာသလဲ
၊ ပြန်လည်ဖြစ်ပွားနိုင်နှုန်း ၊ ကိုယ်ဝန်ဆောင်ဘဝထဲက မိမိကလေးဟာDown ဟုတ်မဟုတ်
သိရှိနိုင်ခြင်း ) စတဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ် ။
Ref:
သက်တန့်ချို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
