စောစောစီးစီး ဆံပင်ဖြူသူတွေ
25-Feb-2017
အသက်အရွယ်ရလာလို့ ဆံပင်ဖြူတာ အကြောင်းမဟုတ်ပေမယ့် ငယ်ငယ်ရွယ်ရွယ် အစိတ်သုံးဆယ် အရွယ်လောက်မှာ မြင်သာထင်သာအောင် ဖြူရင်တော့ စိတ်ညစ်စရာပါ။ Premature Grey Hair တဲ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုရုပ်ဆင်သွားတော့တာပါပဲ။ ဆံပင်ဖြူစေတာ မျိုးရိုးဗီဇကြောင့် အဓိကဖြစ်ရပေမယ့် တခြားအကြောင်းကိစ္စတွေလည်း အများကြီးပါ။ အာဟာရ (အထူးသဖြင့် ဗီတာမင် ဘီ) ချို့တဲ့ရင်၊ ဆေးလိပ်အသောက်များရင်၊ စိတ်ဖိစီးမှုများရင် လျှပ်စစ်ဆံပင်အခြောက်ခံစက် အသုံးများရင်၊ ကင်ဆာဆေးတွေ မှီဝဲနေ ရရင် ဒါမှမဟုတ် ဓာတ်ရောင်ခြည်ကုထုံးကုသမှု ခံယူနေရရင် ဆံပင်တွေရဲ့အရောင်ကို ထိခိုက်ပြောင်းလဲစေပါတယ်။
လည်ပင်းအရှေ့မှာရှိတဲ့ သိုင်းရွိုက်အကျိတ်များမှာ ရောဂါတစ်စုံတစ်ရာရှိရင်လည်း ဆံပင်တွေ စောစောစီးစီးဖြူတတ်ပါတယ်။ ဆံပင်တွေကျွတ်ပြီး သိသိသာသာကို ဆံပင်တွေပါးတတ်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် ဆံပင်စောစောဖြူတဲ့ သူတွေဟာ ကျန်းကျန်းမာမာပါပဲ။ ကိုယ်တွင်းရောဂါတွေနဲ့ ဆက်စပ်တာက အလွန်ရှားပါးပါတယ်။ ဆံပင်ဖြူပေမယ့် သန်သန်မာမာပါပဲ။ အရေပြားမှာ ခရုသင်းဖြစ်သလို ဦးရေပြားမှာ ခရုသင်းကွက်ဖြစ်ရင်လည်း အဲဒီအကွက်နေရာက ဆံပင်တွေဟာ အဖြူတွေပါပဲ။ တစ်ခေါင်းလုံး ဖြူသွားတာမျိုးတော့ မရှိပါဘူး။
မယ်လနင်ဓာတ်ကို ထုတ်လုပ်ပေးတဲ့ မယ်လနိုဆိုက် ကလာပ်စည်းတွေ မရှိတော့ အရေပြားရော၊ ဆံပင်ပါ ဆွတ်ဆွတ်ဖြူသွားပါလေရော။ ရှားရှားပါးပါး မွေးရာပါဗီဇကြောင့် တစ်ကိုယ်လုံး (ဆံပင်၊ အမွေးအမှင်၊ အရေပြား) ဖြူဖွေးသွားတဲ့ Albinism ရောဂါ ဆိုရင်တော့ ဆံပင်တွေဟာ ငယ်ငယ်ကတည်းကဖြူတာပါ။ မည်းပြီးမှ ဖြူသွားတာ မဟုတ်ပါဘူး။ နဂိုအော်ရီဂျင်နယ်က ဖြူနေတာပါ။ စောစောကပြောတဲ့ မယ်လနိုဆိုက်တွေ လုံးဝကို မရှိရှာတော့တဲ့ ရောဂါဆန်းပါ။ ကျွန်တော်တို့နိုင်ငံက အလွန်အသံကောင်းတဲ့ နာမည်ကြီးအဆိုတော်တစ်ယောက်ဟာ ဒီရှားပါးတဲ့ ရောဂါရှိနေသူပါပဲ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဦးကျော်ကျော်
အရေပြားအထူးကုဆရာဝန်ကြီး
Arogyam magazine, No.282, January 2016, Pg. 193-194
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
