Print

ထမင်းကို လက်နဲ့စားခြင်းနှင့် ကျန်းမာရေး

  30-Jul-2018
Preview Image

ထမင်းကို လက်နဲ့စားခြင်းဟာ ကျန်းမာရေးနဲ့ ပိုမို ညီညွတ်။ တကယ်တော့ ထမင်းကို လက်နဲ့စားတာ၊ လက်ချောင်းတွေ လျာနဲ့ လျက်တာတွေဟာ ကျန်းမာရေးနဲ့ ပိုမိုကိုက်ညီပြီး တချို့နေရာတွေမှာ ပိုလို့တောင် အသုံးတည့်ပါသေးတယ်။ ဒါ့အပြင် ရောဂါတွေကိုလည်း ကာကွယ်တားဆီးပေးပါသေးတယ်။

ဆီးချိုရောဂါ (Diabetes Type 2) ကာကွယ်ပေးခြင်း
ထမင်းကို အလျင်စလို စားသူတွေဟာ ဆီးချိုရောဂါ (diabetes type 2) ခံစားဖို့ အလားအလာ ပိုများပါတယ်။ ထမင်းကို ခက်ရင်းနဲ့ ဓားနဲ့ စားတာဟာ လက်နဲ့စားတာထက်ပိုမိုမြန်ဆန်တယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး အဆင်ပြေရင် လက်နဲ့ပဲ စားတာ ပိုကောင်းကြောင်း ထင်ရှားပါတယ်။

အစာချေဖျက်မှု ပိုမိုကောင်းမွန်ခြင်း

အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယား ပိုးမွားများ ရှင်းလင်းဖယ်ရှားဖို့ လက်ဆေးပြီးနောက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ ဆက်လက်ကျန်ရှိပါတယ်။ အဲဒီလို လက်နဲ့ ထမင်းစားတဲ့အခါ စားမြိန်ပြီး ခန္ဓာကိုယ်အတွင်းရှိ အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း ရှင်းလင်းပေးပါတယ်။

ထိုစဉ်မှာ ဦးနှောက်က အစားအစာ ပူလား အေးလား၊ အမာလား အပျော့လားဆိုတာ အာရုံကြောကနေတဆင့် အချက်အလက်တွေ ရရှိပါတယ်။ အဲဒီတော့ ခန္ဓာကိုယ်အစာချေဖျက်မှု ဆောင်ရွက်ဖို့ ကြိုတင် ပြင်ဆင်ပေးပါတယ်။ဒီနည်းလမ်းကကျန်းမာရေး ဒေါင်ဒေါင်မီဖြစ်စေဖို့ အကောင်းဆုံးနည်းလည်းဖြစ်ပါတယ်။

အလုပ်တစ်ခုခုလုပ်နေရင်း ထမင်းစားသူတွေဟာ ထမင်းစားပွဲပေါ် ထမင်းကိုသာ အာရုံစိုက်စားသူတွေထက် အစားပိုစားမိကြတယ်။ အဲဒီလို လက်နှစ်ဖက်လုံးနဲ့ စားတော့ နှစ်ဖက်လုံးအလုပ်ရှုပ်နေတဲ့အတွက် တခြားအလုပ်တစ်ခုခုလုပ်လို့ မရတော့ဖြစ်ပြီး ထမင်းစားတဲ့အပေါ်မှာသာ အာရုံစိုက်မှာဖြစ်တယ်။ ဒါ့ကြောင့် ဘယ်လောက်စားခဲ့ပြီးလဲ၊ ဘယ်တော့ နားရမှာလဲဆိုတာ သတိပြုမိမှာဖြစ်ပါတယ်။

Ref; 
Hoe Hoe Kyaw

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18