အရေပြားကျန်းမာရေးနှင့် ဇင့်ဓါတ်
28-Jul-2018
ဇင့်ရဲ့ကျန်းမာရေး အထောက်အကူပြုမှုတွေဟာ ခန္ဓာကိုယ်မှာ
စနစ် (system)ပေါင်းများစွာနဲ့ ဆက်နွယ်ပတ်သတ်မှု ရှိနေပါတယ်။ ဇင့်ရဲ့
ကောင်းကျိုးတွေအနေနဲ့
- ခန္ဓာကိုယ်ခုခံအားစနစ် ( Immune system)
- အစာခြေခြင်း ( Digestion)
- ဆီးချိုသွေးချိုအား ထိမ်းချုပ်ခြင်း ( Control of
diabetes)
- စိတ်ဖိစီးမှု အား ထိမ်းချုပ်ခြင်း ( Improves stress
level)
- စွမ်းအင်ဇီဝကမ္မ ဖြစ်ပျက်ခြင်း ( energy metabolism)
- ဝက်ခြံနှင့် အနာများသား သက်သာစေခြင်း ( acne and
wounds healing ) စသည်တို့ပါဝင်ပါတယ် ။ ဒါ့အပြင် ကိုယ်ဝန်ဆောင်သည်တွေမှာလည်း လိုအပ်ပြီး
၊ ဆံသား အလှထိမ်းသိမ်းဖို့ ၊ နှင်းခူ ၊ အဝလွန်ခြင်းအား လျော့ချရန် ၊ ကြက်မျက်သင့်ရောဂါ
( Night blindness ) ၊ မျက်စိ ကျန်းမာရေး ၊ အစားအသောက်ပျက်ခြင်းနဲ့ တခြားအရာတွေအတော်များများဟာ ဇင့်ရဲ့ အခန်းကဏ္ဍဟာ ကျယ်ပြန့်စွာ ပါဝင်ပတ်သတ်မှုရှိနေပါတယ်။
ဇင့်ဟာ ပရိုတိန်းဓါတ်ထုတ်လုပ်မှုဖြစ်စဉ် ( protein
synthesis) မှာ အရေးကြီးတဲ့ သတ္တုဓါတ် အခန်းကဏ္ဍမှပါဝင်ပြီး လူ့ခန္ဓာကိုယ်ထဲမှ ခန္ဓာကိုယ်
ခုခံအားစနစ်မှာ ဆဲလ်တွေ ပုံမှန်လည်ပတ်ဖြစ်ပေါ်ခြင်းကို ကူညီပေးပါတယ်။ ဇင့်ကို ခန္ဓာကိုယ်ရဲ့
ကြွက်သားတွေမှာ များစွာတွေ့ရလေ့ရှိပြီး အထူးသဖြင့် သွေးဖြူဥ ၊ သွေးနီဥ ၊ မျက်စိ အာရုံခံလွှာ
( retina) ၊ အရေပြား ၊ အသည်း ၊ ကျောက်ကပ် ၊ အရိုးနဲ့ ပန်ကရိယ တို့မှာ သိပ်သည်းပေါများစွာ
တွေ့ရလေ့ရှိပါတယ်။ အမျိုးသားတွေမှာဆိုရင်တော့ သုတ်ရည် (semen ) နဲ့ ဆီးကျိတ်ဂလင်း
( prostate gland) တို့မှာ ဇင့်ကို ပေါများစွာတွေ့ရှိရပါတယ်။ လူရဲ့ခန္ဓာကိုယ်မှာ ပုံမှန်လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့
အင်ဇိုင်း ၃၀၀ (သို့မဟုတ်) ဒီထက်မက ဇင့်ကို ပိုလိုအပ်ပါတယ်။ လေ့လာစမ်းသပ်သူတွေက ပရိုတိန်း
၁၀၀၀၀၀ မှာ ၃၀၀၀ လောက်က ခန္ဓာကိုယ်ထဲမှာ ဇင့်ပါဝင် ပတ်သတ်နေမှုတွေနဲ့ ဆက်နွယ်နေတယ်လို့
ဆိုပါတယ်။ ပုံမှန်လ ူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဇင့်ဓါတ် ၂ ဂရမ်မှ ၃ ဂရမ်အထိ ပါဝင်ပါတယ်။
လူ့ခန္ဓာကိုယ်မှာ ဇင့်ကို စစ်ထုတ်ပေးတဲ့ တံတွေးဂလင်း
(Salivary gland ) ၊ ဆီးကြိတ်ဂလင်း ( prostate gland ) နဲ့ ပန်ကရိယ ( pancreas ) ကဲ့သို့သော
ကိုယ်အဂါၤအစိတ်အပိုင်းတွေ ရှိပါတယ်။ Immune cells တွေကလည်း ဇင့်ကို စစ်ထုတ်ပေးပါတယ်။
ဇင့်ချို့တဲ့ရင်ဘာတွေဖြစ်နိုင်သလဲ
ဇင့်ဓါတ်ချို့တဲ့ရင်တော့
- ပုံမှန်ကြီးထွားမှု ချို့ယွင်းခြင်း။
- သွေးပေါင်ချိန်ကျခြင်း။
- အရိုးကြီးထွားမှု ချို့ယွင်းခြင်း။
- အစားအသောက်ပျက်ခြင်း။
- အနံအရသာအာရုံခံမှု ဆုံးရှုံးခြင်း။
- စိတ်ကျရောဂါဖြစ်ခြင်း။
- အသားအရည်ကြမ်းတမ်းခြင်း။
- ပိန်ချုံးခြင်း။
- အရေပြားဖျော့တော့ခြင်း။
- ဝမ်းသွားခြင်း။
- ဆံပင်ကျွတ်ခြင်း။
- မောပန်းနွမ်းနယ်ခြင်း။
- လက်ချောင်းထိပ် လက်သည်းခွံများတွင် အဖြူစက်များဖြစ်ပေါ်ခြင်း
စသည့် လက္ခဏာများကို တွေ့ရနိုင်ပါတယ်။
ဇင့်ကို ဘယ်တွေကနေတဆင့်ရရှိနိုင်သလဲ
ဇင့်ကို ရရှိနိုင်တဲ့ အဓိက အစားသောက်တွေကတော့ အသားတွေပဲဖြစ်ပါတယ်။
တခြားအစား အသောက်တွေကတော့ ကမာ ၊ ကမုတ်ကောင် ၊ တရုတ်မုန်လာ ၊ ပဲအမျိုးမျိုး ၊ အုတ်ဂျုံ
၊ မြေပဲ ၊ မက်မွန် ၊ ဂျုံစေ့ ၊ ရွှေဖရုံစေ့ ၊ ဂျင်းပင် အမြစ် နဲ့ ပီကမ် pecan အစေ့ စသည်တို့ပဲ
ဖြစ်ပါတယ်။
ဇင့်ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ
ကျန်းမာရေးအပေါ် အထောက်အကူပြုတဲ့ ဇင့်ရဲ့ကောင်းကျိုးတွေကတော့အောက်ပါအတိုင်း ဖြစ်ပါတယ်။
အရေပြား
ဇင့်ဟာ ကျန်းမာလှပတဲ့အရေပြားဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ အနာတွေကို သက်သာပြီး healing ကောင်းစေရုံ
သာမကပဲ အရေပြား ထိခိုက်ရှနာများကိုလည်း သွေးတိတ်စေပြီး ဝက်ခြံကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဇင့်ပါဝင်တဲ့ သောက်ဆေးတွေဟာ အိပ်ရာနာ
(bed sores) ၊ အရေပြား အနာ ၊ အအေးနာ ( cold sores ) ၊ အာခံတွင်းအပူနာ ၊ ခွဲစိတ်အရာ
၊ မီးပူလောင်နာ နဲ့ တခြားအရေပြားမှာဖြစ်တာ အတော်များများကို သက်သာပျောက်ကင်းစေပါတယ်။ အနာသက်သာစေဖို့အတွက် အနာကျက်စေဖို့အတွက် ဇင့်ပါဝင်တဲ့လိမ်းဆေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။
ဇင့်ဟာ ကိုလာဂျင် (collagen) တွေ ဖြစ်ပေါ်ဖို့အတွက် လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပြီး အင်ဇိုင်းတွေ ပုံမှန်လုပ်ဆောင်ဖို့လည်း
ကူညီပေးပါတယ်။ ဇင့်ဟာ astringent လည်းဖြစ်ပါတယ်။ Astringent ဆိုတာဟာ ဓါတုပစ္စည်းတစ်ခုဖြစ်ပြီး
အရေပြား နဲ့တစ်ရှူး တွေကို ကျုံ့ခြင်း ၊ ကျဉ်းခြင်းနဲ့တင်းကြပ်စေခြင်းကို ဖြစ်စေပါတယ်
။ Zinc oxide ဟာဆိုရင်လည်း အရေပြား မှာ အရောင်ကျခြင်းအစွမ်းသတ္တိရှိပါတယ် ။ အရေပြားကို
ယားယံခြင်းမှကာကွယ်ပေးပြီး အေးမြချော မွေ့စေခြင်း ၊ အနီကွက်များဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးပြီး အရေပြား စိုစွတ်ထိုင်းမှိုင်းခြင်းကိုလည်း
ကာကွယ်ပေး ပါတယ် ။
Dermatitis herpetiformis ဆိုတာဟာ နာတာရှည် အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ အရေပြားမှာ အလွန်ယားယံပြီး ပူလောင်ခြင်း၊
နာကျင်ခြင်းကို ခံစားရစေပါတယ်။ အရေပြားပေါ်မှာ အထူးသဖြင့် တံတောင်ဆစ် ၊ ဒူးခေါင်း ၊
တင်ပါးတို့မှာ ပြည်ဖုလေးတွေ ပေါက်စေပြီး နာကျင်ပါတယ်။ ဇင့်ဟာ ဒီအရေပြားရောဂါမှာလည်း သက်သာပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိရပါတယ်
။ ဇင့်ကို ဝက်ခြံကုသဖို့နဲ့ကာကွယ်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ် ။ Zinc
gluconate သို့မဟုတ် zinc sulfate တို့ဟာ acne ကို ကုသပေးနိုင်ပြီး ဝက်ခြံကြောင့် ဖြစ်တဲ့
ရောင်ရမ်းမှုကို လျော့နည်းစေပါတယ်။ ပြီးတော့ အရေပြားမှာ အန်ဒရိုဂျင် ဟော်မုန်းတွေများလို့
ဖြစ်ပေါ်လာတဲ့ androgenic hormonal effects တွေကိုလည်း လျော့နည်းစေပြီး အရေပြားရဲ့ အဆီဂလန်းတွေ
ရဲ့လုပ်ဆောင်မှုကို ပုံမှန် လည်ပတ်စေပါတယ်။
ဇင့်ကို ဗောက်ပျောက်ကင်းစေဖို့ Anti-dandruff အနေနဲ့လည်းသုံးနိုင်ပါတယ်
။ Zinc pyrithione ကို တခါတရံ ဗောက်ပျောက် ခေါင်းလျှော်ရည်တွေမှာ တွေ့ရလေ့ရှိပြီး အရေပြားပြဿသနာတွေကို
သက်သာ ပျောက်ကင်းစေပါတယ်။ ဒါကြောင့်ဇင့်ပါဝင်တဲ့သောက်ဆေးတွေဟာ ဗောက်ရောဂါကို ကာကွယ်ဖို့ အသုံးဝင်ပါတယ်
။ ဇင့်ရဲ့အရေပြားပေါ်မှာ အခြားကောင်းကျိုးတစ်ခုကတော့ အင်းဆက်ပိုးမွှားတွေကို
သဘာဝအလျှောက် ကာကွယ်ပေးနိုင်ပြီး နေရောင်ခြည်ဒါဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဇင့်အောက်ဆိုက်ဟာ နေရောင်ခြည်ရဲ့ UV Rays ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
သွားဖုံးရောဂါတွေကိုလည်း ကုသပေးနိုင်ပြီး ဗီတာမင်အေကို အသည်းကနေ အရေပြားကို ပို့ဆောင်တဲ့နေရာမှာလည်း
အဓိက ပါဝင်လှုံ့ဆော်ပေးပါတယ် ။ Zinc sulfate ဟာ contact dermatitis ကို ကုသပေးနိုင်ပြန်ပါတယ်
။ Eczema လို့ခေါ်တဲ့ နှင်းခူရောဂါမှာလည်း ဇင့်ကိုအသုံး ပြုနိုင်ပြီး နှင်းခူဟာ ခန္ဓာကိုယ်မှာ
ဇင့်ဓါတ်ချို့တဲ့လို့ အဓိကဖြစ်ခြင်းပဲ ဖြစ်ပါတယ်။
ဆီးကြိတ်ရောဂါ
ဇင့်ဟာ ဆီးကြိတ်ရောဂါတွေမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ
ပါဝင်နေပြန်ပါတယ် ။ ဇင့် ချို့တဲ့ရင် ဆီးကြိတ်ကြီးလာစေပြီး ကင်ဆာကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ဇင့် ၁၅ ဂရမ်ကို လိုအပ်ပြီး ဆီးကြိတ်ကြီးခြင်းကို
ကာကွယ်နိုင်ပါတယ်။
အအေးမိဖျားနာခြင်း
ဇင့်ပါဝင်တဲ့ သောက်ဆေးတွေဟာ အအေးမိဖျားနာခြင်းတွေရဲ့ ပြင်းထန်မှုနဲ
့ကြာချိန်ကို လျော့နည်းစေပါတယ် ။ ဇင့်ဟာ proinflammatory cytokinesis ရဲ့ပမာဏကို လျော့နည်းစေပြီး ဒါဟာ အထူးသဖြင့် အအေးမိပိုးဝင်ခြင်း
cold infections မှာ ပိုဆိုးဝါးစေပါတယ် ။
ပိန်ချုံးခြင်း
ဇင့်ဟာ ခန္ဓာကိုယ်ကို ပိန်စေပြီး လူတစ်ယောက်ရဲ့ အစာစားချိန်စိတ်
appetite ကို ထိမ်းချုပ်နိုင်စွမ်း ရှိပါတယ်။
ကိုယ်ဝန်ဆောင်ချိန်
ဇင့်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ DNA repair and
function အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဆဲလ်တွေ အလျှင်အမြန်ကြီးထွားစေဖို့ နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ
အဓိက ဆဲလ်တွေ တည်ဆောက်ဖို့အတွက် ဇင့်ကို လိုအပ်ပါတယ်။
မျိုးပွားခြင်း
ယောင်္ကျားလေးတွေမှာဆိုရင်တော့ ဇင့်ဟာ သုတ်ကောင်များဖြစ်ထွန်းစေခြင်း( spermatogenesis) နဲ့ မျိုးပွား အဂါၤတွေ ဖြစ်ထွန်းစေဖို့အတွက်
အထောက်အကူပြုပါတယ်။ မိန်းကလေးတွေမှာဆို၇င်လည်း မျိုးပွားအခြေအနေ
အားလုံး( နို့ချိုတိုက်ကျွေးချိန်အပါအဝင်) ဇင့်က အထောက်အကူပြုပေးပါတယ်
။
အထက်ဖော်ပြပါကောင်းကျိုးတေါအပြင် bilogical functionအဖြစ်ဆောင်ရွက်ပေးခြင်း၊ ရောဂါပိုးမွှား infection များအား တိုက်ထုတ်ပေးခြင်း
၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) အဖြစ်ဆောင်ရွက်ပေးခြင်း ၊ အင်ဇိုင်းလည် ပတ်မှုတွေကူညီပေးခြင်း
၊ ဆီးကြိတ်ကင်ဆာဖြစ်ပွားနိုင်မှုအား လျော့ကျစေခြင်း ၊ နာတာရှည်မော ပန်းနွမ်းနယ်ခြင်းအား
သက်သာစေခြင်း ၊ ထိပ်ပြောင်ခြင်းနှင့်ဆံပင်ကျွတ်ခြင်းအား ကာကွယ်ပေးခြင်း ၊ အရိုးဆုံးရှုံးခြင်းအား
လျော့နည်းစေခြင်း နှင့် ညဖက်တွင် အမြင်အာရုံချို့ယွင်းခြင်း (night blindness) ကို
ကာကွယ်ပေးနိုင်ခြင်း စတဲ့ အစွမ်းသတ္တိတွေ ရှိနေပါတယ် ။ဇင့်ဓါတ်ကို ကျန်မာရေးရှူထောင့်ကနေ ဘယ်လိုအကျိုးရှိတယ်ဆိုတာကို ကောင်းစွာသိရှိပြိး ဗဟုသုတများစွာနှင့် ပြည့်စုံနိုင်ကြပါစေ။
Ref :
သက်တန့်ချို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
