ဦးနှောက်ထဲအဆီပိုများခြင်းဟာ အယ်လ်ဇိုင်းမားရောဂါကို ပိုဖြစ်နိုင်
29-Jul-2018
ဦးနှောက်အတွင်း အဆီတွေစုပုံခြင်းဟာ အယ်လ်ဇိုင်းမား သတိမေ့ရောဂါဖြစ်ပွားနှုန်း ပိုမိုမြင့်တက်လာနိုင်ကြောင်း သုတေသနပြုသူတွေက လတ်တလော တွေ့ရှိထားပါတယ်။ လေ့လာတွေ့ရှိချက်အရ အယ်လ်ဇိုင်းမားရောဂါဟာ အဝလွန်ရောဂါနဲ့ ဆီးချိုရောဂါတွေလိုပဲ ဦးနှောက်အတွင်း ဇီဝကမ္မဖြစ်ပျက်မှု ရောဂါဖြစ်ပါတယ်။ ပညာရှင်တွေက အဝလွန်ရောဂါကို ကုသခြင်းဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို ကာကွယ်တဲ့နေရာမှာ အသုံးဝင်ကြောင်း အကြံပေးထားပါတယ်။ “ပုံမှန်အတိုင်း အသက်အရွယ်အလိုက် ဦးနှောက်ကဖြည်းဖြည်းခြင်း ထုတ်လွှတ်တဲ့ အဆီတွေကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိမျိုးဆက်သစ်တွေမှာ အယ်လ်ဇိုင်းမား ရောဂါ ဖြစ်စေနိုင်တဲ့ဒီလုပ်ငန်းစဉ်ဟာ ပိုပြီးမြန်ဆန်လာတယ်။ ကြွက်တွေမှာ စမ်းသပ်ချက်အရ ၂ လအတွင်း အဆီတွေဟာ လျင်လျင်မြန်မြန် ထွက်ရှိလာတာကို တွေ့ရပါတယ်။ ဒါဟာ လူတွေမှာဆိုရင် အသက် ၂၀ နဲ့ အစောပိုင်း ပတ်ဝန်းကျင် အသက်အရွယ်နဲ့ ညီမျှပါတယ်။ ဒါကြောင့် အဆီ ထုတ်လုပ်မှုဟာ နောက်ဆက်တွဲအကျိုးဆက် မဟုတ်ပေမယ့် ရောဂါဖြစ်ပွားဖို့ အားပေးနေတဲ့ တွန်းအားတစ်ခုဖြစ်တယ်လို့ တွေးလို့ရပါတယ်။" လို့University of Montreal မှ ပါမောက္ခ Karl Fernandes က ထုတ်ဖော်ပြောကြား ထားပါတယ်။ အဆီတွေစုပုံလာခြင်းဟာ ဦးနှောက်အတွင်း ထိခိုက်မှုတွေကိုပြု ပြင်ထိန်းသိမ်းပေးတဲ့ Stem Cell တွေကို အနှောက်အယှက် ဖြစ်စေပါတယ်။
ရောဂါပေါ်မှာ ဒီမော်လီကျူးတွေဟာ အကျိုးသက်ရောက်မှု အပြည့်အဝကို
သုတေသနပြုသူတွေ မသိပေမယ့် Stem Cell လုပ်ဆောင်မှုတွေမျာ တိုးတက်မှုတွေရှိတာကို တွေ့ရှိခဲ့ရပါသတဲ့။
Stem Cell တွေဟာ မှတ်ဉာဏ်၊ သင်ယူမှုနဲ့ ဦးနှောက် ဆင့်ကဲတိုးတက်မှုတွေမှာ အရေးပါတဲ့ကဏ္ဍမှာရှိတာမို့
ဒါဟာအရေးကြီးလှပါတယ်။
Ref :
Michelle
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
