ညဘက်မှာ အများကြီးစားမိခြင်း
18-Jul-2018
ညဘက်မှာ အများကြီးစားမိခြင်းနှင့် ပတ်သက်၍သင်ဟာ ညဘက်မှာ ဆာလောင် မှုဒဏ်ကို မခံမရပ်နိုင်ဖြစ်လို့ အများ ကြီး စားမိဖူးပါသလား။ ဒါဆိုရင် အောက်မှာဖော်ပြထားတဲ့ နည်းလမ်း တွေကို ကျင့်သုံးပြီး လျှော့ချပေးနိုင် ပါတယ်။ညဘက်မှာ အများကြီးစားမိ ခြင်းဟာ ghrelin ဆိုတဲ့ ဆာလောင် ခြင်းနဲ့ အစာစားခြင်းကိုထိန်းချုပ်တဲ့ ဟော်မုန်းကြောင့် အဓိကဖြစ်ရတာ ပါ။ လူတွေဟာ ညဘက်မှာ ပိုစားတဲ့ သူများပါတယ်။ အလုပ်လုပ်နေတဲ့ အချိန်မှာ အစာစားဖို့ကို မေ့လျော့နေ ပြီး စားရင်လည်း ညစာလောက် မ...များပါဘူး။
အဲဒီလို နေ့ဘက်မှာအစာစားဖို့လွတ်သွားသူတွေဟာညဘက်ပိုစားဖို့အခွင့်အရေးပိုများနေပါပြီ။ညဖက်၁၀နာရီကျော်ပြီဆိုရင် ရေခဲသေတ္တာကို ဖွင့်ဖို့ထက်စာရင်ခေါင်းအုံးကိုပြင်ဆင်ဖို့က ပိုအရေး ကြီးတယ်လို့ ဒီလေ့လာမှုမှာဖော်ပြထားပါတယ်။ညဖက်မှာစားသုံးတဲ့ ကယ်လိုရီဟာ မနက်စာနဲ့နေ့လည်စာ
တွေမှာ စားသုံးတဲ့ကယ်လိုရီရဲ့ ထက် ဝက်လောက်ပဲရှိသင့်ပါတယ်။ညဘက်မှာပိုစားမိသူတွေဟာ ကစီဓာတ်ကို လျှော့စားသင့်ပြီးပရိုတင်းကိုလည်း
၇ဂရမ်လောက်ပဲစားသင့်ပါတယ်။ညစာစားသုံးရင် ကယ်လိုရီ၁၅၀ ထက်မကျော်သင့်ပါဘူး။ ညဖက်မှာစာဖတ်ခြင်းကိုပိုလုပ်သင့်ပြီး
တီဗွီ ကြည့်ခြင်းဟာ အစာပြေစားသုံးတဲ့ သရေစာစားသုံးခြင်းကို ပိုမိုမြင့်တက် စေနိုင်ပါတယ်။
Ref:
သန့်စင်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
