ကင်ဆာရောဂါ မဖြစ်ပွားစေရန် နည်းလမ်းများ
12-Jul-2018
ဘာစားစား ကြက်သွန်ဖြူ ထည့်စားပါ။ ကြက်သွန်ဖြူရဲ့ ဆာလဖာဒြပ်ပေါင်းများက
ကင်ဆာကျိတ်ဖြစ်ပေါ်မှုကို ကာကွယ်ပေးပါတယ်။
ဖရဲသီးတစ်လုံးဝယ်ထားပြီး မနက်တိုင်း တစ်စိတ်စီ စားပေးပါ။
ဖရဲသီးမှာcarotenoid ရောင်ခြယ်ဓါတ်များ ပါဝင်တာကြောင့် အဆုတ်ကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ်ပေးပါတယ်။
အသားကင်တဲ့အခါ ရှာလကာရည် (သို့) အချဉ်ရည် သုတ်လိမ်းပြီးမှကင်ပါ။အသားနှင့်
မီးတိုက်ရိုက် ထိတွေ့ပြီး ကင်ဆာဖြစ်စေသည် ဒြပ်ပေါင်းများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်စေရန်
နှင့် အရသာမပျက်စေရန် ရှာလကာရည် သုတ်လိမ်းသင့်ပါတယ်။
ရေများများသောက်ပါ။ ရေများများ သောက်ခြင်းကြောင့် ဆီးအိမ်ထဲမှာ
ဆီးကျဲစေပြီး ဝမ်းမှန်စေတာကြောင့် ဆီးအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာ များမှ ကာကွယ်ပေးပါတယ်။
ဗိုက်တာမင်ပြည့်ဝတဲ့ အားဆေးသောက်သုံးခြင်းဟာလည်းကိုယ်ခံအားစနစ်ကောင်းမွန်စေပြီးကင်ဆာဆဲလ်များကို တိုက်ထုတ်ပေးပါတယ်။
အဖော်တစ်ဦးထက်ပိုပြီး လိင်ဆက်ဆံမှုပြုတဲ့အခါ Human Papilloma Virus (HPV) ပိုးကူးတတ်ပါတယ်။ HPV ဟာအမျိုးသမီးများမှာ သားအိမ်ခေါင်းကင်ဆာဖြစ်စေတာကြောင့် လိင်ဆက်ဆံဖက် တစ်ဦးတည်းသာ ထားရှိခြင်း၊ အကာအကွယ် အသုံးပြုု ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
Ref:
သီဟ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

