Print

ဇနီမောင်နှံများကလေးဘယ်နှစ်ယောက်ယူလဲ

  09-Jul-2018
Preview Image

ဇနီးမောင်နှံများအနေဖြင့် ကလေးနှစ်ယောက်ထက်ပိုယူပါက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေဖွယ်ရှိကြောင်း လေ့လာဆန်းစစ်မှု တစ်ခုတွင်ဖော်ပြထားကြောင်းသိရသည်။ အမျိုးသား၊ အမျိုးသမီး ၁ဒသမ ၅သန်းကို လေ့လာ ဆန်းစစ်ခဲ့ရာ မိဘဖြစ်လာသူများသည် ကင်ဆာ (သို့မဟုတ်) နှလုံးရောဂါ စသည့်ရောဂါဝေဒနာတို့ကို ဖြစ်ပွားရန် ပိုမိုအလားအလာရှိကြောင်း တွေ့ရှိခဲ့ရသည်ဟုဆိုသည်။မိဘဖြစ်လာသူအများစုသည် ကြီးမားလှသော မိသားစုကြီးအားပြုစုစောင့်ရှောက်ရန် စိတ်ဖိစီးမှုနှင့် ငွေကြေးအခြေအနေများအား နိုင်နင်းစွာဆောင်ရွက်ရန် ရုန်းကန် ကြိုးပမ်းနေရသည့်အတွက် သူတို့၏ကျန်းမာရေးကို ဂရုမစိုက်နိုင်သောကြောင့်ဖြစ်သည်။

ဗြိတိသျှနှင့် နော်ဝေ သုတေသနပညာရှင်တို့၏ လေ့လာသုံးသပ်ချက်အရ ကလေး လေးယောက်ထက် ပိုရှိသော မိသားစုတွင် အမျိုးသမီးများမှာ သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမည့် ဘေးဥပဒ်ကို တိုးပွားစေပြီး အမျိုးသားများတွင်မူ မတော်တဆသေဆုံးမှုနှင့် ယာဉ်တိုက်မှုကဲ့သို့ ပြင်းထန်စွာ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ကြောင်းတွေ့ရှိခဲ့ရသည်။

ကလေးသုံးယောက်ရှိသော မိသားစုမှ မိဘများမှာ ကျန်းမာရေးအဆိုး နှင့် အကောင်း ရောယှက်နေသော်လည်း ကလေးနှစ်ယောက်သာရှိသော မိဘများမှာမူ စိတ်ဖိစီးမှုနှင့် ပံ့ပိုးမှုညီမျှအောင် စီမံဆောင်ရွက်နိုင်သည့်အတွက် ကျန်းမာရေးနှင့် ပတ်သက်၍ အကောင်းဆုံးအခြေအနေကို ဖြစ်ပေါ်စေခဲ့သည်ဟု သုတေသန ပညာရှင်တို့၏ လေ့လာဆန်းစစ်မှုတွင် ဖော်ပြခဲ့ကြောင်းသိရသည်။

Ref:
Mg Mandalay

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18