ကော်ဖီနှင့် အရေပြားကင်ဆာ
01-Jul-2018
လေ့လာမှုတစ်ရပ်အရ တစ်နေ့တွင် ကော်ဖီလေးခွက်သောက်ခြင်းသည် အရေပြားကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးသည်ဟု သိရသည်။ Yale လူထုကျန်းမာရေးကျောင်း နှင့် အမျိုးသားကင်ဆာကျောင်းမှ သုတေသီများသည်ကော်ဖီသောက်သုံးခြင်း နှင့် အရေပြားကင်ဆာ ဆက်စပ်မှုကို လေ့လာခဲ့သည်။ အမျိုးသားကျန်းမာရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဗြိတိန်တွင် တစ်နှစ်လျှင် အရေ ပြားကင်ဆာဖြစ်သူ ၁၃၀၀၀ ဖြစ်ပွားနေသည်ဟု သိရသည်။
အရေပြားကင်ဆာဖြစ်ရခြင်း အဓိကအကြောင်းအရင်းသည် နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်သည်။ လေ့လာမှုအတွက် အရေ ပြားကင်ဆာမဖြစ်သေးသူ ၄၄၇၅၇ဦး ပါဝင်ခဲ့ကြသည်။ ကော်ဖီသောက်ခြင်း နှင့် အရေပြားကင်ဆာဆက်စပ်မှုကို ၁၀နှစ်ကြာလေ့လာခဲ့သည်။ ယခုအချိန်တွင် ထိုလေ့လာမှုတွင် ပါဝင်သူ ၂၉၀၅ဦးသည်အရေပြားကင်ဆာ ဖြစ်ပွားနေသည်ကို တွေ့ရသည်။ တွေ့ရှိမှုအရ ကော်ဖီသောက်သုံးမှု နည်းပါးသူများ ဖြစ်နေသည်ကို တွေ့ ရသည်။ လေ့လာမှုအရ ကော်ဖီတစ်နေ့ ၄ခွက်သောက်ခြင်းသည် အရေ ပြားကင်ဆာဖြစ်နိုင်ချေကို ၂၀ရာခိုင် နှုန်းအထိလျော့ချပေးကြောင်းသိရ သည်။
Ref: မာဃ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
