ကိုယ်ဝန်ပျက်ကျခြင်းကြောင့်အမျိုးသမီးများအစာမစားချင်သည့်ပြသနာ
27-Jun-2018
အစာမစားလိုသည့် ပြသနာကြုံတွေ့ရတဲ့မိခင်လောင်းများဟာ
ကလေးရနိုင်ချေနည်းတဲ့အပြင် မျိုးဆက်ပွားကျန်းမာရေးပြဿသနာတွေနဲ့လဲ ကြုံတွေ့ရနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ aလ့လာမှုမှာ အစာမစားလိုတဲ့
အခြေအနေ(anorexia) ကိုကြုံတွေ့နေရတဲ့ အမျိုးသမီးတွေဟာ ပုံမှန်အစားစားသုံးသူများထက်
ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတဲ့ အခြေအနေတွေကိုပိုပြီး ကြုံတွေ့ရနိုင်တယ်ဆိုတာကို
ဖော်ထုတ်နိုင်ခဲ့ပါတယ်။
စိတ်ဖိစီးမှုကြောင့် အစာမစားတဲ့ရောဂါ (bulimia) ရောဂါရှင်တွေဟာလဲ
ဒီလိုပြဿသနာတွေဖြစ်သွားနိုင်ခြင်းမှာ အကျုံးဝင်နေပါတယ်။ လေ့လာမှုခေါင်းဆောင်
Helsinki University မှ သုတေသီ Dr Milla Linna က “စောစောစီးစွာ သိရှိခြင်း၊ ထိရောက်တဲ့ကုသမှုတွေဟာ
ဒီအစာမစားချင်တဲ့ ပြဿသနာကို ကုသနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်းနဲ့ကလေးအသေမွေးခြင်းတွေကို
ကာကွယ်နိုင်ပါလိမ့်မယ်”လို့ ရှင်းပြထားပါတယ်။
ဒီလေ့လာမှုဟာ Helsinki University ရဲ့ သင်ကြားရေးဆေးရုံကြီးကို၁၉၉၅ခုနှစ်မှ၂၀၁၀ခုနှစ်အတွင်း ဆေးရုံတက်ရောက်ကုသခဲ့တဲ့ အစာမစားချင်တဲ့ ရောဂါရှင်အမျိုးသမီးတွေရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို ဆန်းစစ်သုံးသပ်ရာမှ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
အမျိုးသမီး (၁၁၀၀၀)ကျော်ပါဝင်ခဲ့ပြီးအစာမစားလိုတဲ့ပြသနာနဲ့
ကြုံတွေ့ခဲ့ရသူလူနာပေါင်း (၂၂၅၇)ဦး ပါဝင်ပါတယ်။ Dr Milla Linna က “အစာမစားခြင်းနဲ့
ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းတွေ ဆက်စပ်နေတယ်ဆိုတာကိုသာ ဖော်ထုတ်နိုင်ခဲ့ပြီး
ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို လေ့လာနေဆဲဖြစ်ပါတယ်”လို့ ရှင်းပြထားပါတယ်။
Ref : သက်နှင်း
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
