မတော်တဆ ADHD ကလေးများဒဏ်ရာရမှုအပေါ် ဆေးများ၏ သက်ရောက်မှု
23-Jun-2018
အာရုံစိုက်မှုချို့တဲ့၍ တက်ကြွမှုလွန်ကဲရောဂါ ADHD (Attention Deficit Hyperactivity Disorder) ဆိုသည်မှာ ကလေးများတွင် ကြုံတွေ့ ရလေ့ရှိသောဖွံ့ဖြိုးမှုဆိုင်ရာ ပြသနာတစ်ခုဖြစ်ပြီး၊ ရောဂါလက္ခဏာအနေဖြင့် ကလေးငယ်များက အာရုံစိုက်၍ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ရံဖန်ရံခါ၌ အလွန်လှုပ်ရှား တက်ကြွသော အခြေအနေများနှင့်ပါ တွဲပြီးပြတတ်သည်။ ၎င်းကလေးငယ်များတွင် မတော်တဆ ထိခိုက်ဒဏ်ရာရမှုက အသေအပျောက်အများဆုံး ဖြစ်စေသည့် အကြောင်းတစ်ခုဖြစ်လေသည်။
ထို့ကြောင့် ၎င်းဝေဒနာရှင်ကလေးငယ်များတွင် ဆေးဝါးကုသခြင်းကမတော်တဆ ထိခိုက်ဒဏ်ရာဖြစ်စေမှုများအပေါ် သက်ရောက်မှုရှိမရှိသိရရန်လေ့လာမှုများလုပ်ခဲ့သည်။လေ့လာမှုတွင် ဒိန်းမတ်နိုင်ငံတော် စာရင်းဇယားဌာနမှ စာရင်းဇယားများအား အသုံးပြု၍ ADHD ဝေဒနာရှင်ကလေးငယ် ၄၄၅၇ဦး အား နောက်ကြောင်းပြန်လေ့လာမှု ပြုလုပ်ခဲ့သည်။ ထိုလေ့လာမှုတွင် မတော်တဒဏ်ရာရမှုဖြစ်ပွားသည့် အကြိမ်ရေ၊ မတော်တဆဖြစ်ပွားမှု အကြိမ်ရေ ပြောင်းလဲလာသည့် ပျမ်းမျှအသက်၊ အရေးပေါ်ဌာနသို့ သွားရောက်ရသည့် အကြိမ်အရေ အတွက်တို့အား ကုသမှုခံယူထားသည့် ကလေးငယ်များနှင့် မခံယူထားသည့်ကလေးငယ်များအားနှိုင်းယှဉ် ခဲ့သည်။
တွေ့ရှိချက်များအရ အသက် ၅ နှစ် မှ ၁၀ နှစ်ကြား ADHD ကလေးများတွင်
ကုသမှုခံယူထားသူများက မခံယူထားသူများထက် မတော်တဆဖြစ်ပွားမှု ၁၉% မှ ၁၄% ထိ လျော့ကျစေကြောင်း
တွေ့ ခဲ့ရသည်။အသက် ၁၀ နှစ်တွင် မတော်တဆဖြစ်ပွားမှုက ကုသမှု ခံယူထားသူများတွင် ၃၁.၅%
ပို၍ လျော့ကျပြီး အသက် ၁၂ နှစ်တွင် ၄၃.၅% ထိပို၍ လျော့ကျသွား ကြောင်းသိရသည်။ အရေးပေါ်ဌာန
သို့ရောက်ရှိသည့် အရေအတွက်မှာလည်း အသက်၁၀ နှစ် တွင် ၂၈.၂% ပိုလျော့နည်း၍ ၁၂ နှစ် တွင်
၄၅.၇% ပို၍ လျော့နည်း ကြောင်းတွေ့ရသည်။ ADHD ကလေးများတွင် မတော်တဆဖြစ်မှုက အသက်ဆုံးရှုံးစေနိုင်သော
အဓိကအကြောင်းတစ်ခု ဖြစ်သည့်အတွက် ယခုရလဒ်များက ပြည်သူ့ ကျန်းမာရေးတွင် အရေးကြီးသောကဏ္ဍမှ
ပါဝင်လေသည်။
Credit: ဖိုးသောကြာ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
