နားကိုက်တဲ့အခါ ဘယ်လိုပြုလုပ်မလဲ
20-Jun-2018
- ရှေးဦးစွာနားကိုက်ဝေဒနာ သက်သာအောင် ပါရာစီတမောပါဝင်တဲ့ ဆေးတစ်မျိုးမျိုးသောက်ပါ။ ရေနွေးအိတ်ကပ်ပေးပါ။
- နားပြည်ယိုခြင်း၊ သငန်ရည်ထွက်ခြင်းများရှိပါက ဂွမ်းစငယ်တစ်ခုနှင့် သန့်စင်ပါ။ နားကျပ်တံ၊ နားကလော်တံ လုံးဝအသုံးမပြုရပါ။
- နီးစပ်ရာဆေးခန်းသို့ပြပါ။ နားကိုက်သည့်ပြဿနာသည် စိုးရိမ်ဖွယ်ရာရှိ/မရှိ ဆရာဝန်က အဆုံးအဖြတ်ပေးနိုင်သည်။
- ဆေးလိပ်ငွေ့မှန်သမျှ၊ မီးခိုးမှန်သမျှ မရှူမိပါ စေနှင့်။ နှာခေါင်းနှင့်နားဆက်စပ်နေသည့်ပြွန် (Eustachian tube) အတွင်းမီးခိုးကြောင့် ပိတ်ဆို့မှုဖြစ်ပွားလျှင် နားကိုက်ဝေဒနာ ပိုဆိုးတတ်သည်။
- နားကိုက်နေသည့်အချိန်၌ ရေကူးခြင်းရှောင်ပါ။ အနားယူပါ။ လမ်းလျှောက်ခြင်း၊ လှုပ်ရှားမှုပြုခြင်းသည် နားကိုက်ဝေဒနာကို ပိုဆိုးစေသည်။
- အရည်များ ထွက်ကျစေရန် ရည်ရွယ်၍ နားကိုက်သည့်ဘက်သို့ စောင်းမအိပ်ပါနှင့်။ ပက်လက်ဖြစ်စေ၊ တစ်ဖက်စောင်းပြီး နားကိုက်သည်ဘက်ကို အပေါ်တွင်ထား၍ဖြစ်စေ အိပ်နိုင်သည်။
Credit : ဇော်ကို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
