အိပ်နေစဉ်အသက်ရှုရပ်ရပ်သွားခြင်း
25-Feb-2017
အိပ်နေစဉ် အသက်ရှူ ရပ်ရပ်သွားခြင်းဟာ အဝလွန်သူတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဒီပြဿနာကို OSA, obstructive sleep apnea လို့ ခေါ်ဆိုပါတယ်။ အိပ်နေ တုန်းမှာ အသက်ရှူ ရပ် ရပ်သွားခြင်းကို လျှော့ချပေးနိုင်မယ့် Inspire Upper Stimulation (UAS) လို့ခေါ်တဲ့ စက်ကိရိယာတစ်မျိုးကိုသုတေသီတွေက တီထွင်ပေး နိုင်ခဲ့ပါတယ်။
တစ်နှစ်ကြာလေ့လာမှုတွေ ပြုလုပ်အပြီးမှာ ရောဂါလက္ခဏာကို ၇၀%အထိလျှော့ချပေးနိုင်တဲ့ ဒီစက်ကိရိယာကို တီထွင်နိုင်ခဲ့တဲ့အတွက် ဝေဒနာရှင်တွေရဲ့အိပ်ရေးပျက်မှု၊ နေ့ပိုင်း အချိန် အိပ်ငိုက်မှုတွေကို လျော့ကျစေမှာဖြစ်ပါတယ်။ ဒီကိရိယာကို အမေရိကန်နဲ့ ဥရောပက ဆေးပညာစင်တာ၂၂ခုမှာ စမ်းသပ် လေ့လာခဲ့တာဖြစ်ပါတယ်။ လက်ရှိကတော့ ဒီရောဂါအတွက် ကုသမှုတွေဟာ ကိုယ်အလေးချိန် လျှော့ချခြင်း၊ အသက်ရှူ
လမ်းကြောင်း အထက်ပိုင်း ခွဲစိတ်မှု၊ ခံတွင်းမှာ ကိရိယာငယ်ထည့်သွင်း ခြင်းတွေနဲ့ကုသနေပါတယ်။
“လက်ရှိကုထုံးတွေဟာ အသက်ရှူရပ်ရပ်သွားတဲ့ လူနာတွေအတွက် ကသိကအောက်ဖြစ်ခြင်း၊ ပုံမှန်အသုံး ပြုနိုင်ဖို့ ခဲယဉ်းခြင်းတွေ ရှိနေပါတယ်။ ဒီလေ့လာမှုကတော့ လူသန်းပေါင်းများစွာကို အဆင်ပြေစေမှာပါ”လို့ သုတေသနခေါင်းဆောင် Pitts burgh ဆေးတက္ကသိုလ်မှ Dr.Pat rick Strollo က ပြောကြားခဲ့ပါတယ်။ ဒီကိရိယာဟာ နှာခေါင်းစည်း၊ ခွဲစိတ်မှု၊ ကိုယ်ခန္ဓာမှာ တပ်ဆင်ခြင်းစတဲ့ အချက်တွေ မလိုအပ်ဘဲ လည်ပင်းက ကြွက်သားတွေရဲ့ ခွန်အားကို မြှင့်တင်ပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။
ဒီကိရိယာကို အသုံးပြုခဲ့တဲ့ လူနာ၈၆%ကတော့ ညတိုင်းအသုံးပြု ပြီးနောက်မှာ အသက်ရှူရပ်ခြင်း သိသိသာသာ လျော့နည်းသွားတယ် လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နေ့ခင်းပိုင်း အိပ်ငိုက်ခြင်း၊ ညဖက် ဟောက်ခြင်းနဲ့ ဘဝအရည်အသွေး လျော့ပါးခြင်းတွေကိုလည်းပြေလည်စေတယ်လို့ သိရပါတယ်။ ဒီလေ့လာမှုကို New England Journal of Medicine မှာ ဖော်ပြထားတာဖြစ်ပါတယ်၊
Healthcare.com.mm
Ref:
သက်ကို
Health Updates
credit-myanmarblog
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
