အရိုးအဆစ်များ ကျန်းမာရန်
25-Feb-2017
(၁) များများလှုပ်ရှားပေးပါ။ များများလှုပ်ရှားလေ အဆစ်အမြစ်များ တင်းနေမှု လျော့ကျလေဖြစ်ပါတယ်။ ဒါကြောင့် TV ကြည့်စဉ်ဖြစ်စေ၊ အလုပ်လုပ်စဉ်ဖြစ်စေ ခဏနားပြီး လှုပ်ရှားမှုလုပ်ပေးပါ။
(၂) အလုပ်အလွန်လုပ်၍ ဖြစ်စေ၊ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ အဆစ်တွေ နာနေလေ့ရှိပါတယ်။ အဲဒါတွေ က ရောင်ရမ်းမှု၊ ကိုက်ခဲမှုများ ဖြစ်စေတတ်ပြီး။ အခြားအကြောင်းအရာတစ် ခုကတော့ လေးဖက်နာရောဂါတွေ ကြောင့် ဖြစ်စေတတ်ပါတယ်။
(၃) အန္တရာယ်များတဲ့ကစား နည်းတွေ ကစားတဲ့အခါ တံတောင်ဆစ်၊ ဒူးခေါင်းစတဲ့ Joints တွေမှာ ကာကွယ်ပေးတဲ့ပစ္စည်းတွေ ဝတ်ဆင် ထားသင့်ပါတယ်။
(၄) ကိုယ်အလေးချိန်ထိန်းပါ။
(၅) ကြွက်သားများ ဆန့်ထုတ် သည့်လေ့ကျင့်ခန်းမျိုးကို သွေးမပူခင် မလုပ်ပါနှင့်။
(၆) အဆစ်အမြစ် အတွက် အကောင်းဆုံး အားကစားနည်းတွေက တော့ လမ်းလျှောက်ခြင်း၊ စက်ဘီးစီး ခြင်း၊ ရေကူးခြင်းတို့ဖြစ်သည်။
(၇) အဆစ်များကြားရှိကြွက် သားများ သန်မာစေရန် လေ့ကျင့်ပါ။ ကြွက်သားသန်မာလေ အဆစ်တွေ ပေါ် ဖိအားနည်းလေပါပဲ။
(၈) ဝမ်းဗိုက်နှင့် ကျောဖက်ရှိ ကြွက်သားများ သန်မာစေရန် လေ့ကျင့်ပေးပါ။ ပုံမှန်အားဖြင့် ဝမ်းဗိုက်၊ ခါးနှင့်ပေါင် များဆန့်ထုတ်သည့် လေ့ကျင့်ခန်းလောက်တော့ အနည်းဆုံးလုပ်ပေးသင့်ပါတယ်။
(၉) လေ့ကျင့်ခန်းလုပ်ပြီး နာကျင် မှုဟာ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် နှစ်ရက်ကျော်သည်အထိ မသက်သာ ရင်တော့ လေ့ကျင့်ခန်းလုပ်မှုကို နည်းနည်းလျော့သင့်ပါတယ်။
(၁ဝ) ငါးများများစားပေးပါ။
(၁၁) နို့များများသောက်ပေးပါ။ အစိမ်းရောင်အရွက်များလည်း စားပေးနိုင်ပါတယ်။
(၁၂) ခါးမတ်မတ် လမ်းလျှောက်ပါ။ မတ်မတ်ထိုင်ပါ။ ခန္ဓာကိုယ်အနေ အထားမှန်ရန် အကောင်းဆုံးလေ့ကျင့်ခန်းက ရေကူးခြင်းပါပဲ။
(၁၃) အကယ်၍ အဆစ်အမြစ် များနာလာပါက ဆေးဝါးများမသောက်မီ၊ ပထမဆုံးရေခဲကို အဝတ် ထဲတွင် ထည့်၍ ဒဏ်ရာပေါ်၌ မိနစ် ၂ဝခန့်တင်ပေးထားလျှင် သက်သာ နိုင်ပါသည်။
Healthcare.com.mm
Ref:
Health Updates Journal
Posted by Ko Zar Sat Khin at 8:19 PM
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
