ညစာနောက်ကျစွာစားခြင်း နှင့် အစာအိမ်အချဉ်ဓါတ်ပြန်တက်ခြင်း
24-Feb-2017
ဆယ်စုနှစ်၂ခုတာ ကျော်လွန်လာတဲ့ အချိန်မှာ ပြန်ကြည့်လိုက်မယ်ဆိုလျှင် လူတွေရဲ့ ညစာစားချိန်တွေ ဟာနောက်ကျလာခဲ့တယ် ။ အလုပ်ကြောင့် ဖြစ်စေ ၊ များမြောင်လာသောကိစ္စ အထွေထွေ တို့ကြောင့်ဖြစ်စေ.. ညစာစားချိန်တွေ ကိုရွှေ့ရင်းရွှေ့ရင်းအိပ်ချိန်နဲ့ ကပ်လာခဲ့ ပါတယ်။ ညစာနောက်ကျ ခြင်းနဲ့ အတူသိသိသာသာလိုက်ပါလာတာကတော့ အစာအိမ်အချဉ်ဓါတ်ပြန်တက်ခြင်း (acid reflux)ပါ၊ အဲ့ဒိမှ တဆင့် အစာပြွန်ကင်ဆာ (oesophageal cancer)ထိ ဖြစ်လာနိုင်ပါတယ်။ ညစာကိုနောက်ကျ သည့် အပြင်၊ အကြောင်းအမျိုးမျိုးကြောင့် မနက်စာမစားမိတာ၊ နေ့လည်စာစားဖို့ အချိန် မရှိတာတို့ ကြောင့် ညစာဟာတစ်နေ့ တာမှာပမာဏအများဆုံးစားမိတဲ့ တစ်နပ် ဖြစ်လာပါတော့တယ်။ လူတိုင်းကြားဖူးနေကျ မနက်စာကိုတစ်ယောက်တည်းစားပါ၊ နေ့လည်စာ ကိုသူငယ်ချင်းနဲ့ဝေစားပါ၊ ညစာကိုတော့ ရန်သူကိုကျွေးလိုက်ပါဆိုတဲ့ ဆိုရိုးအရဆိုရင် ညစာကိုနောက်ကျမှများများစားနေခြင်းဟာမိမိဘာသာအကြီးဆုံးရန်သူအဖြစ် ဒုက္ခပေးနေခြင်းဖြစ်ပါတော့သည်။
ညစာနောက်ကျ စားခြင်းနဲ့ဆက်စပ်တဲ့ နောက်တစ်ချက်ကတော့ တစ်နေကုန် ပင်ပန်းနေပြီဖြစ်လို့ စားပြီးချိန်မှာတီဗွီရှေ့ထိုင်ခြင်း ၊ လဲလျောင်းအနားယူခြင်း၊ အိပ်ခြင်းစတာတွေသာလုပ်နိုင်ပါတော့တယ်။ အမှန်တော့ အစာစားပြီးချိန်မှာမတ်မတ်နေဖို့ လိုပါတယ် ဒါမှ ဆွဲအားနဲ့ အစာတွေကိုအစာအိမ်ထဲမှာထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ အဲ့လိုမှမဟုတ်ရင် အစာအိမ်ထဲကအချဉ်ဓါတ်တွေ ပြန်လျှံထွက်လာ နို်င်ပါတယ်။ ဒါ့အပြင် ပုံမှန်ကျန်းမာတဲ့လူငယ် တစ်ယောက်မှာဆိုရင်တောင်အစာအိမ်ထဲကအစာတွေ အူထဲ ဆင်းသွားနို်င်ဖို့အချိန်(gastric emptying time)ကနာရီအနည်းငယ် ယူရပါတယ်။ အသက်ကြီးတဲ့ လူတွေမှာပိုကြာနိုင်ပါတယ်၊ဒီအချက်တွေကြောင့် အစာစားချိန်နဲ့အိပ်ချိန်ဟာအနည်းဆုံး ၃နာရီ ခြားသင့်ပါတယ်။ အစာအိမ်အချဉ်ဓါတ်ပြန်တက်ခြင်းဖြစ် လျှင် ရောဂါလက္ခဏာအနေနဲ့ရင်ပူရင်ဆာဖြစ်ခြင်း(heatburn) ကိုခံစားရလေ့ရှိပါတယ်။ ဒါ့အပြင်အသက်ရှုလမ်းကြောင်းမှာဖြစ်တဲ့ အချဉ်ဓါတ်ပြန်တက်ခြင်း (silent airway reflux)ဖြစ်လျှင်တော့ကြာရှည်ချောင်ဆိုးခြင်း၊ နှာရည်ယို နှာပိတ်ခြင်း၊ အသံပြာခြင်းတို့ လည်းခံစားရနိုင်ပါတယ်။ ဒီရောဂါသက်သာအောင် PPI လို့ခေါ်တဲ့ အက်စစ်ဓါတ်လျှော့ ချအောင်ပေးတဲ့ ဆေးတွေပေးနို်င်ပေမယ့် နေထိုင်စားသောက်တဲ့ ပုံစံကို ပြင်နို်င်မှ သက်သာမှာဖြစ်ပါတယ်. ဒါ့ကြောင့် အဖြစ်များတဲ့ ရင်ပူ ခြင်း(heartburn) ပျောက်ကင်း အောင် ညစာကိုတတ်နိုင်သမျှ ညရနာရီ မတိုင်ခင် စားကြဖို့ အကြံကောင်းပေးလိုပါတယ်။
Healthcare.com.mm
Ref:
Readers’ Digest August 2015 ( The Danger of Eating Late at Night)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
