ဗိုက်ကြွက်တက်ခြင်း
24-Feb-2017
ဆရာရှင့်
ဗိုက်ကြွက်တက်တယ်ဆိုတာမျိုးရှိပါသလားရှင့် ကျွန်မ အမေတွင် အိပ်ယာမှအထ or စိတ်ကျဉ်းကျပ်ကိုယ်ကျဉ်းကျပ်ချိန်မျိုးတွင် အဲကြွက်တက်သလိုမျိုး တက်တာဖြစ်တတ်ပါလို့ပါရှင့် ခြေထောက်မှာ မဟုတ်တော့ ဘယ်လိုမျိုးဆိုလျှင်သက်သာပျောက်ကင်းနိုင်မလဲ ဘာဆေးသောက်ပေးရမလဲ သိချင်ပါတယ်ရှင့် ကျွန်မ အမေက အသက် 50 ကျော်ပါရှင့်
ရှိတယ်။ ကြွက်သားကို ရုတ်တရက်အလုပ်ပေးတာကြောင့် ဖြစ်နိုင်တယ်။ ဥပမာ belly အရိုက်များတာ။ သွေးမလျှောက်နိုင်ရင် ဖြစ်မယ်။နောက်တခုက စိတ်ဖိစီးမှုကြောင့် လည်း ဖြစ်ကြတယ်။ ဟောမုန်းကြောင့်ပါ။ အိပ်စက်တဲ့ပုံစံမမှန်ရင်လည်း အိပ်ရာထမှာ ဖြစ်မယ်။ဒီအကြောင်းအရာထဲက တခုဖြစိနိုင်တယ်။ ရေနွေးအိတ်တင်ပါ။ စိတ်ဖိစီလျှော့ပါ။ calciumနဲ့ magnesium အားဆေးသောက်ပါ။ ငှက်ပျောသီး၊လိမ္မော်သီးကောင်းတယ်။ ဆေးကရောဂါပေါ်မူတည်မယ်။ flexura D လိုဆေးမျိုးသောက်ကြည့်ပါ။ အစာအိမ်ထိတတ်လို့ အစာနဲ့သော်ကပါ။ လိုအပ်ရင် gabapentin လိုဆေး သောက်ရမယ်။ ဒီကြားထဲ omega 3နဲ့ EPO ပေါင်းသောက်ပါ။ အာရုံကြောဆေး princi B forte သောကိကြည့်ပါ။ အအိပ်အစားမှန်ပါစေ။
Healthcare.com.mm
Ref;ဒေါက်တာ အေးမင်းထူး
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
