ညအိပ်ယာဝင်လျှင် မီးဖွင့်အိပ်စက်သင့်လား၊မီးပိတ်အိပ်စက်သင့်လား
24-Feb-2017
အမှောင် လုံးဝချထားတဲ့ အခန်းထဲမှာ အိပ်စက်အနားယူခြင်းဟာ ခန္ဓာကိုယ်ရဲ့ ပဋိဇီဝလုပ်ငန်းဆောင်တာ Metabolism တွေကို ပုံမှန်လည်ပတ်စေနိုင်တယ်လို့ ယနေ့သိပ္ပံ ပညာရှင်များက ယုံကြည်နေကြပါပြီ။ ညအိပ်စဉ် (သို့) ညအိပ်ခါနီးမှာ မိုဘိုင်းဖုံးများ ခေတ်ပေါ်လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ TV၊ ကွန်ပျုတာ၊ tablets စသည်တို့ကို အသုံးပြုခြင်းဟာ ခန္ဓာကိုယ်တွင်းရဲ့ နာရီ body-clock နဲ့ကိုက်ပြီး လုပ်ဆောင်ရတဲ့ ပဋိဇီဝလုပ်ငန်းတွေကို ထိခိုက်စေနိုင်တယ်လို့ ဆိုကြပါတယ်။လေ့လာတွေ့ရှိချက် အသစ်တစ်ခုအရလည်း ပကတိမှောင်မဲနေသော အခန်းတွင်းမှာ အိပ်စက်ပါက
လိုအပ်သော ဟော်မုန်းများနှင့် စားသုံးထားသော အစားအစာများမှ တစ်ဆင့် မိမိခန္ဓာကိုယ်မှ ပြန်လည်သုံးစွဲဖို့energy စွမ်းအင်ကို ပုံမှန်ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။သဘာဝမဟုတ်တဲ့ အလင်းရောင်ခြည်များ (ဥပမာ - ဖုန်း screen သို့ မီးချောင်းများ) ဟာ ညအိပ်နေစဉ် ခန္ဓာကိုယ်မှ စွမ်းအင်ထုတ်ပေးရာမှာ အထောက်အကူပြုတဲ့ Melatonin ဟော်မုန်းထုတ်လုပ်မှုကို ထိခိုက်နိုင်ပါတယ်။ထိုအီလက်ထရောနစ်
အသုံးအဆောင်များမှ ထွက်သော အပြာရောင် အလင်းတန်းများဟာ မနက်အိပ်ယာထ အလင်းရောင်ခြည်နှင့်တူသောကြောင့် ညဘက်တွင် ထွက်သည့် hormone များပုံမှန်ထွက်ခြင်းကို ဝင်ရောက်နှောင့်ယှက်နိုင်ပါတယ်။
Granada university မှ သိပ္ပံ ပညာရှင်များမှ ကြွက်များတွင် လေ့လာစမ်းသပ်ရာမှာတော့ melatonin ဟော်မုန်းဟာ အဝလွန်ရောဂါ (obesity) နဲ့ ဆီးချို၊၊ သွေးချို ရောဂါ (diabetes) ကိုကူညီတိုက်ဖျက်ပေးနိုင်တာကို တွေ့ရပါတယ်။ Melatonin ဟော်မုန်းဟာ ပုံမှန်အားဖြင့်လည်း နေ့နှင့်ည ဆိုင်ရာ ဆိုင်ရာ ပဋိဇီဝတာဝန်များ (Circadium rhythm) အတွက် အရေးပါတဲ့ signal ကိုပေးသော ဟော်မုန်းတစ်ခု ဖြစ်တဲ့ အတွက် အထက်ပါလေ့လာတွေ့ရှိချက်ဟာ လူသားများအတွက်ပါ မှန်ကန်နေနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် melatonin ဟော်မုန်းကို ပုံမှန် ထွက်စေနိုင်ရန် အိပ်စက်အနားယူရာမှာ အခန်းကို လုံးဝအမှောင်ချပြီး အိပ်စက်ရန် ကြိုးစားသင့်ကြောင်း အကြံပေးထားတယ်ဆိုတာကို စာဖတ်သူများအား ပြန်လည်မျှဝေလိုက်ရပါတယ်။
Healthcare.com.mm
Ref:
နေခြည် (ဆေး - ၁)
Source : The Telegraph
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
