ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်
24-Feb-2017
ခေါင်းမအုံးဘူး။ ဘေးမှာပဲ ထားအိပ်တယ် ဆိုလည်း မရပါဘူး။ အနည်းဆုံး လေးပေ၊ ငါးပေ လောက်တော့ ခွာပြီး ထားရမယ့် ပစ္စည်း ဖြစ်ပါတယ်။ သူ့ဆီကနေ ထွက်တဲ့ရေဒီယို ဓာတ်ကြွ ရောင်ခြည်က ရောဂါ အမျိုးမျိုး ဖြစ်ပေါ် စေပါတယ်။ ခန္ဓာကိုယ် ပြင်ပ အရေပြားကစလို့ အတွင်း အထိကို ထိပါတယ်။ အနီးစပ်ဆုံး ကတော့ ဦးနှောက်ကို ထိပြီး အသက်ကြီး လာတဲ့ အခါ ပိုမို ခံရပါတယ်။ ဦးနှောက် အတွင်းမှာ ရှိတဲ့ အရေအပြားနဲ့ ဆဲလ်များဟာ အင်မတန် နူးညံ့ပြီး နေ့စဉ် ထိတွေ့ နေတဲ့ ဓာတ်ရောင် ခြည်ကြောင့် သေဖို့ ပိုများပါတယ်။ ရှင်သန်မယ့် ဆဲလ်အရေ အတွက်ထက် သေတဲ့ ဆဲလ်ပိုများတဲ့ အခါ ရေရှည်မှာ ဦးနှောက် သောတို့၊ ဦးနှောက် ကင်ဆာ တို့ကိုတောင် ဖြစ်ပေါ် စေနိုင် ပါတယ်။ ယနေ့ ကမ္ဘာရဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်မှုမှာ လူတိုင်းဟာ ဓာတ်ရောင်ခြည် အမျိုးမျိုးနဲ့ ထိတွေ့ နေရပြီး ဒါတွေကို သိရှိ နားလည်လို့ အတတ်နိုင်ဆုံး ရှောင်ကြဉ်တတ်
ရန် လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
Healthcare.com.mm
Ref: medic-facts ရိုးရာလေး ကျန်းမာရေး
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

