နေရောင်ခြည် နှင့် ကျန်းမာရေး
24-Feb-2017
နေရောင်ခြည်ဟာ အရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပေမယ့် သွေးဖိအားကိုကျဆင်းစေနိုင်ပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်ပွားမှုနှုန်းကျဆင်းစေတယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ အီဒင်ဘာရာတက္ကသိုလ်က သုတေသီတစ်စုဟာ နေရောင်ခြည်ဟာ သွေးကြောထဲမှာ ဓာတ်ပေါင်းတစ်မျိုးကို ထွက်ရှိစေပြီး သွေးပေါင်ချိန်ကို ကျဆင်းစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ရလဒ်များအရ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းဟာ သွေးဖိအားကို ထိန်းညှိပေးနိုင်တဲ့အတွက် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တယ်ဆိုတာ သိရပါတယ်။ နေရောင်ခြည်ဟာ ဗီတာမင်ဒီကို ခန္ဓာကိုယ်တွင်းမှာ ထွက်ရှိမှုများပြားစေတဲ့အတွက် နိုက်ထရစ်အောက်ဆိုဒ်ဓာတ်ကို ထုတ်လုပ်စေပြီး သွေးပေါင်ချိန်ကို ကျဆင်းစေတာ ဖြစ်တယ်လို့ သုတေသီတွေက ပြော ကြားထားပါတယ်။
သုတေသနမှာ ပါဝင်သူတွေကို မိနစ်၂ဝကြာ နေ့စဉ် နေရောင်ခြည်နဲ့ အလားတူအောင် ဖန်တီးထားတဲ့မီးရောင်နဲ့ထိတွေ့စေပြီး ထိတွေ့ပြီးနောက်ပိုင်းလဲ ကိုယ်ခန္ဓာမှာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီမီးရောင်တွေဟာ UV rays တွေ မပါဝင်အောင် အထူးစီစဉ်ထားတာ ဖြစ်ပါတယ်။ တွေ့ရှိလာရတာကတော့ နှစ်လကြာပြီးနောက်မှာ ပါဝင်သူတွေရဲ့သွေးပေါင်ချိန်တွေကို ထိန်းချုပ်လာနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ “နှလုံးကျန်းမာရေးကို နေရောင်ခြည်က စောင့်ရှောက်ပေးနိုင်ပါတယ်။ အရေပြားကင်ဆာကိုတော့ သတိပြုထားရမှာ ဖြစ်ပါတယ်။ ဒီအာနိသင်ဟာ ဗီတာမင်ဒီကြောင့် သက်သက်မဟုတ်ဘဲ နေရောင်ခြည်ကြောင့်က အဓိကဖြစ်တဲ့အတွက် ဗီတာမင်ဒီအားဆေးတွေပဲ သောက်သုံးနေရင်တော့ ထိရောက်မှာ မဟုတ်ပါဘူး”လို့ လေ့လာမှုခေါင်းဆောင် အီဒင်ဘာရာတက္ကသိုလ်က ၀ါရင့်ကထိက Dr. Richard Weller က ရှင်းပြထားပါတယ်။
Ref:
သက်ကို
Health Updates Journal, Vol.2, No.19
as in: ANI
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
