အမွှေးတိုင်ရဲ့ အခိုးအငွေ့တွေဟာ ဆေးလိပ်ထက်ပိုပြီး ကင်ဆာဖြစ်နိုင်ချေ မျာ...
24-Feb-2017
အာရှတိုက်အတွင်းမှာရှိတဲ့ ဘုံကျောင်းတွေ ၊ ဘုရားရှိခိုးကျောင်းတွေနဲ့ အနောက်တိုင်းမှာရှိတဲ့ လမ်းသရဲတစ်ချို့ကြောင့် အမွှေးတိုင်တွေဟာ တစ်ကမ္ဘာလုံးမှာ မွှန်ထူနေအောင် လောင်ကျွမ်းနေပါပြီ။ ဒါပေမယ့်လည်း အဲဒီလို အမွှေးတိုင်တွေကထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ စီးကရက်သောက်တာထက် ပိုမိုပြီး ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေကို အဆိပ်ဖြစ်စေနိုင်တယ်လို့ သုတေသန အသစ်တစ်ခုက သတိပေးလိုက်ပါတယ်။
ဒါ့အပြင် ထိုလေ့လာမှုက တွေ့ရှိခဲ့တာတွေကတော့ အမွှေးတိုင်တွေရဲ့ အခိုးအငွေ့တွေဟာ စီးကရက်ကြောင့် ဖြစ်တဲ့ အခိုးအငွေ့တွေထက်ပိုပြီး အဆိပ်ဖြစ်မှု ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုအဆိပ်ဖြစ်မှုတွေဟာ မျိုးရိုးဗီဇဆိုင်ရာ သန္ဓေပြောင်းလဲခြင်းတွေနဲ့ DNA ဆဲလ်မှာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပြီးတဲ့နောက် ကင်ဆာဆဲလ်တွေကိုဖြစ်ပေါ် လာစေနိုင်တယ်လို့ လေ့လာမှုက ဖော်ပြခဲ့ပတယ်။
ဒါကြောင့် အဆုတ်နဲ့ ပတ်သက်ပြီး ရောဂါအခံ ရှိသူတွေအနေနဲ့ အမွှေးတိုင်ကြောင့်ဖြစ်တဲ့ အခိုးအငွေ့ကို ရှောင်ရှားတာဟာ အကောင်းဆုံး ဖြစ်မှာပါ။ အမွှေးတိုင်ဆိုတာဟာ လွှစာ ပါဝင်တဲ့ ၀ါးချောင်းကို လိုအပ်တဲ့ အဆီတွေ သုတ်လိမ်းထားတာ ဖြစ်တဲ့အတွက် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းတဲ့အခါထိုပါဝင်ပစ္စည်းတွေအားလုံးဟာ လေထဲကို လွင့်ထွက်သွားပါတယ်။ ထိုအခိုးအငွေ့တွေကို ရှုရှိုက်လိုက်မိတဲ့အခါမှာတော့ ထိုပါဝင်ပစ္စည်း အားလုံးဟာ အဆုတ်ထဲကို ဝင်ရောက်သွားပါတယ်။ ထိုဖြစ်စဉ်ကိုတော့ နှိုးဆွခြင်း တုံ့ပြန်မှုလို့ ခေါ်ပါတယ်။
ဒါကြောင့် အခုကစပြီး အမွှေးတိုင်တွေရဲ့ အခိုးအငွေ့တွေဟာလေထုညစ်ညမ်းမှု တစ်ခုတည်းကို ဖြစ်စေနိုင်တာမဟုတ်ပဲ ၊ အဆုတ်ကင်ဆာ ၊
လူကေးမီးယား နဲ့ ဦးနှောက်အသားပိုတွေကို လည်း ဖြစ်ပေါ်လာစေနိုင်တယ်ဆိုတာကို ထိုလေ့လာမှုက ပြသ သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။ ထိုလေ့လာမှုကိုတော့ တရုတ်နိုင်ငံက China Tobacco Guang dong Industrial Company က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုလေ့လာမှုကိုတော့ Environmental Chemistry Letters ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
Ref;
Mario
သစ်ထူးလွင်
Wednesday, August 26, 2015
Source: Dailymail
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
