Print

ကိုယ်အလေးချိန်အစားအစာနှင့် အိပ်စက်ခြင်း

  09-Aug-2020
Preview Image

          သင့်မှာ အစားအစာနဲ့ ပတ်သက်ပြီးကိုယ်အလေးချိန် လျှော့ချဖို့ ရည်ရွယ်ချက်ရှိရင် အစားအသောက် အစီအစဉ်တွေနဲ့ အိပ်စက်ခြင်းကြား ဆက်နွယ်နေတဲ့ အကြောင်းအရာတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။


ကော်ဖီသောက်ခြင်းကို ရှောင်ပါ။

          ကော်ဖီမှာ ကဖင်းဓာတ်တွေ အများအပြားပါဝင်တဲ့အတွက် အိပ်စက်ခါနီးကော်ဖီသောက်သုံးခြင်းကို ရှောင်ရှားစေချင်ပါတယ်။ ကော်ဖီသောက်သုံးခြင်းဟာ သင့်ရဲ့အိပ်စက်ခြင်းကို အနှောက်အယှက်ပေးနိုင်ပါတယ်။


အဆီနှင့် အိပ်စက်ခြင်း

          အကယ်၍ သင့်အနေနဲ့ ညစာကို အဆီပါဝင်မှုများတဲ့ အစားအစာတွေကို သုံးမယ်ဆိုရင် အစာမကြေခြင်းနဲ့ ရင်ပူခြင်းတွေကို ခံစားရနိုင်ပြီး သင့်ရဲ့ အိပ်စက်ခြင်းဟာ အခက်အခဲတချို့ကို ဖြစ်စေနိုင်ပါတယ်။


အဆီမပါနဲ့ နွားနို့နှင့် ပျားရည်

          အဆီမပါတဲ့ နွားနို့နှင့် ပျားရည်တစ်မျိုးမျိုးကို အိပ်ခါနီးသောက်သုံးပေးမယ်ဆိုရင် ကောင်းမွန်စွာ အိပ်စက်ခြင်းသို့ သယ်ဆောင်သွားနိုင်ပါတယ်။ နွားနို့မှာ ပါဝင်တဲ့ Tryptophan ဟာ  ဦးနှောက်နဲ့ အာရုံကြောအတွက် အကောင်းဆုံးအခြေအနေတွေ ဖန်တီးနိုင်ပါတယ်။ နောက်ပြီး နွားနို့ကို သောက်သုံးပေးခြင်းဟာ သဘာဝ စိတ်ငြိမ်ဆေးတစ်မျိုးလို့ လေ့လာသူတွေက ဆိုကြပြန်ပါတယ်။ နွားနို့နွေးနွေးလေးထဲကို ပျားရည်တစ်ဇွန်းထည့်ပြီး သောက်သုံးပေးမယ်ဆိုရင် မိသားစုတွေအတွက် အိပ်ကောင်းစေမယ့် သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။

          လေ့လာတွေ့ရှိချက်အရ သင်ဟာ အစားအသောက်တွေနဲ့ ဝိတ်လျှော့နေချိန်မှာ ကောင်းမွန်စွာ အိပ်စက်ခြင်းဟာ ကိုယ်အလေးချိန်လျှော့ချမှုကို အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။

Credit : Internet

 



Related Articles


Advertisment 18