Print

ကင်ဆာရောဂါကို ကာကွယ်နိုင်သောအစားအစာများ

  18-Apr-2020
Preview Image

          ကင်ဆာဆိုတာ ကြောက်စရာကောင်းတာ လူတိုင်းသိကြပါတယ်။ ကင်ဆာဆိုတဲ့အမျိုးက ပထမဆင့်မှာ ကြိုတင်မသိတတ်ကြဘဲ ဒုတိယအဆင့်၊ တတိယအဆင့်နဲ့ လုံးဝကို ကုမရတော့တဲ့အခြေအနေရောက်မှသာ သိကြတာမျိုး များပါတယ်။ ဒါကြောင့် ကြောက်စရာကောင်းတဲ့ အသံတိတ်လူသတ်သမား ဒီကင်ဆာကို ဘယ်လိုကြိုတင်ကာကွယ်ရမလဲ။ ဘယ်လိုအစားအသောက်တွေနဲ့ မဖြစ်အောင် ထိန်းသိမ်းရမလဲဆိုတာ အကြံလေးတွေပေးချင်ပါတယ်။


Key Protective Foods

          Diet အနေနဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကင်ဆာဖြစ်ပွားမှုကို လျှော့ချဖို့ သော့ချက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ Antioxidants ဓာတ်တွေ၊ Vitamin တွေ၊ သတ္ထုဓာတ်တွေနဲ့ Phytochemicals တွေက ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။


မုန်လာဥနီ၊ ကန်စွန်းဥနဲ့ ပန်းဂေါ်ဖီစိမ်း

          ဒီအစားအစာတွေမှာ ကယ်ရိုတီနွိုက်ဓာတ် ပါဝင်တာကြောင့် အဆုတ်ကင်ဆာကို တိုက်ခိုက်ရာမှာ ကူညီပေးနိုင်ပါတယ်။


အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ

          ဒီအသီးအနှံတွေမှာ ဗီတာမင်စီဓာတ်ကြွယ်ဝတာကြောင့် အစာရေမျိုပြွန်ကင်ဆာနဲ့ အစာအိမ်ကင်ဆာဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။


ခရမ်းချဉ်သီး

          ခရမ်းချဉ်သီးဟာ လိုင်ကိုပင်းဓာတ်ကြွယ်ဝပြီး Antioxidant ဓာတ်ကြွယ်ဝပါတယ်။


ပဲအမျိုးမျိုး၊ အနှံအမျိုးမျိုးနဲ့ အာလူး

          ဒီအစားအစာတွေမှာ အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် အူမကြီးကင်ဆာဖြစ်ပွားမှု၊ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနဲ့ ရင်သားကင်ဆာဖြစ်ပွားမှုကို တိုက်ခိုက်တဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်။


ကြက်သွန်ဖြူ၊ ကြက်သွန်နီ

          ဒီအစားအစာတွေကို စားတဲ့အခါ အစိမ်းစားပေးတာက ပိုပြီးထိရောက်ပါတယ်။ အူသိမ်ဦးပိုင်းကင်ဆာ၊ ရင်သားကင်ဆာနဲ့ အသည်းကင်ဆာဖြစ်ပွားမှုကို ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိတွေ ကြွယ်ဝစေပါတယ်။


ပဲပိစပ်နဲ့ ပဲပိစပ်ထွက်အစားအစာတွေ

          Isoflavones ကြွယ်ဝတာကြောင့် ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ကင်ဆာတွေ ဥပမာ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးလာရင် ပဲနို့ များများသောက်ပါလို့ အကြံပေးထားတာဖြစ်ပါတယ်။ ပဲနို့ဟာ ပဲပိစပ်က ထုတ်လုပ်ထားတာဖြစ်လို့ပါပဲ။


Green Tea

          သူကတော့ Black Tea တွေထက် ကဖင်းဓာတ်ပါဝင်နှုန်းနည်းတာကြောင့် ကင်ဆာကို ကာကွယ်ဆန့်ကျင်တိုက်ဖျက်ဖို့ ပိုပြီး အစွမ်းသတ္တိပြည့်ဝပါတယ်။ အူသိမ်ဦးပိုင်းကင်ဆာ၊ ပန်ကရိယကင်ဆာနဲ့ အူလမ်းကြောင်းကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။


ငါး

          အထူးသဖြင့် မက်ကရယ်ငါးလို အဆီများတဲ့ငါးတွေဟာ အစာခြေလမ်းကြောင်းတစ်လျှောက်ဖြစ်တတ်တဲ့ ကင်ဆာကို ကာကွယ်နိုင်ပါတယ် ကင်ဆာဆဲလ်ပွားများလာမှုကိုလည်း တားဆီးပေးနိုင်ပါတယ်။

Credit : Kitchen Doctor



Related Articles


Advertisment 18