Print

အသားအရေလှပစေဖို့ဆိုရင် ဒီအစာတွေကို ပိုစားပါ

  01-Mar-2017
Preview Image

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ နေလောင်တာကြောင့် အသားအရေ ပျက်စီးတာမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ၎င်းမှာပါဝင်တဲ့ Lycopene ( လိုက်ကိုပန် ) ဓာတ်က အရေပြား ပျက်စီး မှုကို ဟန့်တားပေးပါတယ်။

 

ကီဝီသီး

ကီဝီသီးမှာပါတဲ့ ဗီတာမင် C နှင့် ပိုတက်စီယမ် စတာတွေကတော့ အချိ်န်မတိုင်မီ အရေပြား အရေးအကြောင်း ဖြစ်တာမျိုးကနေ ကာကွယ်ပေးနိုင်ပါတယ်။

 

အဆီမပါ ဒိ်န်ချဉ်

ဒိန်ချဉ်မှာပါတဲ့ ဓာတ်တစ်မျိုးကတော့ ကယ်လ်စီယမ်ပါ။ ၎င်းဟာ အရိုးနဲ့သွားတွေကို သန်မာစေပြီး လက်သည်းရောဂါ ဖြစ်ခြင်းမှလည်း ကကွယ်ပေးနိုင်ပါတယ်။ အဆီမပါ ဒိ်န်ချဉ် လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးဟာ အဆီမပါ နို့ တစ်ဖန်ခွက်ထက် ကယ်လ်စီယမ်ဓာတ် ပိုမိုပါရှိနေတယ်။

 

အာလူး

အရေပြားကို နူးညံ့စေပြီး နေရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ Betacarotene ( ဘီတာကာရိုတင်း ) ဓာတ်ကို အာလူးမှ ရရှိနိုင်ပါတယ်။

 

မြေပဲ

ဗိုက်တာမင် E နဲ့ Omega- 3 ဖက်တီးအက်ဆစ်တို့ ပါဝင်တဲ့ မြေပဲဟာဆိုရင် အရေပြား ရောဂါတစ်မျိုးဖြစ်တဲ့ နှင်းခူရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

 

ချောကလက်

ကိုကိုး ၆၀ ရာခိုင်နှုန်ူ အနည်းဆုံးပါဝင်တဲ့ ချောကလက်ဟာဆိုရင် အရေပြားသို့ သွေးစီးဆင်းမှုနှုန်းကို တိုးတက်စေခြင်း၊ အရေပြားအား အစိုဓာတ် ရရှိစေခြင်းနဲ့ နူးညံ့ချောမွေ့ခြင်းတို့ကို ဖြစ််လာစေပါသည်။

 

ကရုကမာ

အရေပြားပျက်စီးနေတာတွေ ပြန်လည်ကောင်းမွန်ဖို့ဆိုရင် ဇင့်ဓာတ်ဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒီလို ဇင့်ဓာတ်မျိုးကို ကရုကမာတွေဆီကနေ ရရှိိနို်င်ပါတယ်။

 

ဘယ်ရီသီး

ဘယ်ရီသီးမှာပါဝင်တဲ့ Antioxidant တစ်မျိုးဟာ အရေပြားလောင်ခြင်းနဲ့ ဆဲလ်များပျက်စီးခြင်းတို့ကနေ ကာကွယ်ပေးနိုင်ပါတယ်။

 

ငါး

Omega- 3 ဖက်တီးအက်စစ်တွေ ပါဝင်တဲ့ ငါးဟာဆိုရင် အရေပြားတင်းမာခြင်း၊ အရွယ်မတိုင်မီ အရေးကြောင်းများ ဖြစ်ရခြင်းနဲဲ့ အရေပြား နီမြန်းခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ငါးတွေမှာ ဗီတာမင်ဘီနဲ့ ဒီတို့လည်း ပါဝင်နေပါသေးတယ်။


Credit : ဆည်းဆာညို
Health for ALL magazine – No.107, December 2015



Related Articles


Advertisment 18