လူနာ ဂွစာ (၇)
13-Mar-2017
သွားဆရာဝန်သည် အဖွားအို၏ သွားကိုနှုတ်ရန် အသင့်ပြင်ဆင်နေသည်။ ထိုသို့ ပြင်ဆင်ရင်း အဖွားအို အနည်းငယ်ကြောက်ရွံ့နေပုံရသည်ကို ဂရုပြုမိလိုက်သည်။ အာရုံပြောင်းရန် ကြိုးစားသည့် အနေနှင့် ဆရာဝန်က လက်အိပ်စွပ်ရင်း-
"အဖွား... ဟောဒီ ရာဘာ လက်အိတ်တွေကို ဘယ်လို ထုတ်လုပ်သလဲ သိလား? "
"မသိပါဘူး ဆရာရယ်..."
"စက်ရုံကြီးထဲမှာ ရာဘာ အရည်ကန်ကြီး တစ်ကန်ရှိတယ်... အလုပ်သမားတွေက လက်အရွယ်အစားအလိုက် တန်းစီပြီး ရပ်နေကြရတယ်... အဲဒီ အလုပ်သမားတွေ တစ်ယောက်ချင်း ရာဘာကန်ကြီးဆီကိုသွား၊ လက်ကို အထဲကိုနှစ်ပြီး ရာဘာခြောက်တဲ့အထိ စောင့်နေကြရတယ်... ခြောက်သွားတဲ့အခါကျမှ လက်ကနေ အသာချွတ်ပြီး ထုတ်ပိုးကြတာ အဖွားရဲ့..."
အဖွားကြီးထံမှ အပြုံးတစ်ချက်ပင် ပေါ်မလာပေ။ ဆရာဝန်ကလည်း ပုံပြင်ပြောပြီးနောက် သွားကိုသန့်ရှင်းရေး ဆက်လက်ပြုလုပ်နေသည်။ သို့သော် ခနနေသောအခါ အဖွားကြီးက ဟက်ဟက်ပက်ပက် ထရယ်သဖြင့် သွားဆရာဝန် လန့်ပင်သွားရသည်။
"အဖွား... ဘယ်လိုဖြစ်တာလဲ အဖွားရဲ့..."
"သြော်... ဆရာပြောပြတဲ့ ပုံပြင်အရ အခုမှ ကွန်ဒုံးဘယ်လို ထုတ်သလဲ တွေးမိလို့ပါ..."
Credit : ကြယ်မင်းတာရာ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

