ဒေါက်တာဂွစာ (၁၅)
03-Mar-2017
ဒေါက်တာဂွ ၏ဆေးခန်းတွင်ဖြစ်သည်... လူနာတစ်ယောက် ရောက်လာပြီး
"ဆရာ... အနံ့ သိပ်မရတဲ့ ပြဿနာ ဖြစ်နေတယ်ဗျ..."
"ဟေ့... ဆေးဗူးအမှတ် ၅၃ ကို ယူခဲ့စမ်း..."
ဆေးဗူးရောက်လာသော်...
"ရော့... ဒါဘာတွေလဲ... မကြည့်ဘဲ အနံ့ခံကြည့်ပါ..."
"ဝေါ့... ကြောင်ချေးတွေပဲ..."
"ခင်ဗျား... အနံ့ခံအာရုံ ကောင်းသွားပါပြီ... ၃၀၀၀ ကျပါတယ်... နောက်တစ်ယောက်ဟေ့.. !!"
တစ်ပတ်ခန့်ကြာသော်... ထိုလူနာ ရောက်လာပြန်သည်...
"ဆရာ... ကျွန်တော် မှတ်ဉာဏ်တွေ မကောင်းတော့ဘူးထင်တယ်... ဘာကိုမှ သေချာမမှတ်မိဘူးဗျ..."
"ဟေ့... ဆေးဗူးအမှတ် ၅၃ ကို ယူခဲ့စမ်း..."
"ဟင်... အရင်တစ်ခါက ဆေးဗူးကြီး... အထဲမှာ ကြောင်ချေးတွေလေ..."
"ကဲ... ကြည့်စမ်း... ခင်ဗျား မှတ်ဉာဏ် ပြန်ကောင်းသွားပြီပဲ... ၃၀၀၀ ကျတယ်... နောက်တစ်ယောက် !!"
Credit : ကြယ်မင်းတာရာ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

