ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ လက္ခဏာများ
14-Jun-2025
ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ လက္ခဏာများ
• ကိုယ်ဝန်ပတ်၂၀ပတ်နောက်ပိုင်းတွင် သွေးပေါင်ချိန် ၁၄၀/၉၀ နှင့်အထက်ရှိခြင်း
• ဆီးထဲတွင် အနည်ပါခြင်း (အသားဓာတ်ပရိုတိန်း)
• ရုတ်တရက် ကိုယ်အလေးချိန်တက်ခြင်း (သို့) ခန္ဓာကိုုယ်ဖောရောင်ခြင်း
• ခေါင်းအပြင်းအထန်ကိုက်ခြင်း
• အမြင်ဝါးခြင်း
• အသက်ရှူကြပ်ခြင်း
• ဝမ်းဗိုက်အပေါ်ပိုင်း အထူးသဖြင့် ညာဘက်နံရိုးအောက်တွင် အောင့်ခြင်း
• ပျို့အန်ခြင်း
သတိပြုရန်
• ကိုယ်ဝန်ဆိပ်တက်ခြင်းသည် အန္တရာယ်ရှိကိုယ်ဝန်လက္ခဏာများတွင် ပါဝင်သောကြောင့် အထက်ပါလက္ခဏာများရှိပါက နီးစပ်ရာကျန်းမာရေးဝန်ထမ်း (သို့) ဆေးရုံဆေးခန်းသို့အမြန်ဆုံးသွားရောက်ပြသရန်လိုအပ်ပါသည်။
• ကိုယ်ဝန်ရှိကြောင်းသိသိချင်း ကျန်းမာရေးဝန်ထမ်းနှင့် ကိုယ်ဝန်စောင့်ရှောက်မှုခံယူခြင်းဖြင့် အန္တရာယ်ရှိကိုယ်ဝန်၏ လက္ခဏာများကို စောစီးစွာသိရှိနိုင်ပြီး နောက်ဆက်တွဲကျန်းမာရေးအခြေအနေများကို လျှော့ချကာကွယ်ပေးနိုင်ပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
