Print

ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းက ဘာကြောင့်ဖြစ်တာလဲ

  28-Feb-2017
Preview Image

ကိုယ်ဝန်ဆောင်ကာလမှာ ခါးနာခြင်း၊ ခါးကိုက်ခြင်းဟာ အဓိကအားဖြင့် သားအိမ်ဟာ ပိုပိုကြီးလာတာနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်နိုင်ပါတယ်။ သားအိမ်ပိုကြီးလာတဲ့အတွက် အလေးချိန်ပိုများလာတဲ့အပြင် ဝမ်းဗိုက်ကြွက်သားတွေကို ဆွဲဆန့်လိုက်တာကြောင့် ခါးနာတာကိုဖြစ်စေပါတယ်။ ဒါ့အပြင် ခါးရိုးနဲ့ တင်ပါးဆုံရိုးတွေကလည်း အလေးချိန်ကို ပိုထိန်းထားရတဲ့အတွက် ခါးနာတတ်ပါတယ်။

 

တစ်ချိန်တည်းမှာပဲ မွေးဖွားဖို့ပြင်ဆင်ခြင်းအနေနဲ့ ဟော်မုန်းအပြောင်းအလဲတွေ ကြောင့် ကျောရိုးနဲ့ တင်ပါးဆုံရိုးကို ဆက်သွယ်ပေးတဲ့ အရွတ်တွေကိုပျော့ပြောင်းစေ ပါတယ်။ ဒါပေမယ့် အရွတ်တွေ ပိုပျော့ပြောင်းတဲ့ အတွက် ပိုဆွဲဆန့်နိုင်ပြီး အရိုးအဆစ်တွေကို ဒဏ်ဖြစ်စေပါတယ်။ ဒါ့ကြောင့် အချိန်ကြာကြာ လမ်းလျောက်တာ၊ မတ်တတ်ရပ်တာ၊ ထိုင်တာတွေလုပ်ရင် ခါးနာတာဖြစ်ပါတယ်။

 

ကိုယ်ဝန်ဆောင်စဉ်မှာ ခါးနာတာကို သိပ်စိုးရိမ်စရာ မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် ကိုယ်ဝန်ဆောင်တိုင်းရဲ့ သုံးပုံနှစ်ပုံကျော်လောက်ဟာ ခါးနာတာကို ခံစားကြရပါတယ်။ ကိုယ်ဝန်လရင့်လာရင်ပိုဆိုးရွားတတ်ပါတယ်။ ကလေးမွေးပြီး ချိန်မှာတောင် ဒဏ်ဖြစ်ပြီးကျန်နေနိုင်ပါသေးတယ်။ ဒါပေမယ့် မွေးပြီး လအနည်းငယ်အတွင်းမှာပဲ ပြန်ပျောက်သွားတတ်ပါတယ်။

 

Credit:
Zifam May May



Related Articles


Advertisment 18