Print

ရာသီလာချိန် အဖြစ်များသော လေပွခြင်းကင်းစင်ရန်

  24-Feb-2017
Preview Image

အမျိုးသမီးတွေ ရာသီလာချိန်မှာ ခံစားရတဲ့ဝေဒနာတွေထဲက လေပွတာက အဆိုးဆုံးဝေဒနာတစ်ခုပါ။ အမျိုးသမီးတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ ခံစားရတယ်လို့ သိရပါတယ်။ ရာသီလာချိန်မှာ အီစထရိုဂျင်ဟော်မုန်းနှင့် ပရိုဂျက်စတုန်းဟော်မုန်းတွေပြောင်းလဲမှုဖြစ်တာကြောင့်ပါ။ ရာသီလာတဲ့ ၂-၃ ရက်အတွင်းမှာ သားဥအိမ် ကနေ ဟော်မုန်းတွေထုတ်လုပ်ပြီး လေပွတာကို ဖြစ်စေပါတယ်။

 

ပရိုတင်းနဲ့ ပိုတက်စီယမ် ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ကညွတ်၊ ခရမ်းချဉ်သီး၊ သခွားမွေးသီး စတာတွေက ခန္ဓာကိုယ်တွင်း အရည်ပမာဏကို မျှခြေဖြစ်စေပါတယ်။ ပရိုတင်းကို ကြွက်သား၊ ငါးနဲ့ တိုဟူးတွေကနေ ရရှိနိုင်ပါတယ်။

 

၁။ လေပွစာကိုရှောင်ပါ။

လေပွစာတွေဆိုတာက ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတာတွေဖြစ်ပြီး ပဲအမျိုးမျိုး နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးတာကြောင့်လည်း လေပွတာကို ဖြစ်စေပါတယ်။

 

၂။ လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးတာက ရာသီလာချိန်မှာ ခံစားရတဲ့ဝေဒနာတွေ ထဲက လေပွတာ သက်သာအောင် ကူညီပေးပါတယ်။ 

 

၃။ အစာမစားဘဲမနေသင့်ပါ။

ရာသီလာခါနီးတဲ့အခါ ဗိုက်ထဲမှာ လေတွေနဲ့ ပြည့်တင်းသလို ခံစားနေရလို့ဆိုပြီး အစာမစားဘဲ မနေသင့်ပါ။

 

၄။ ကာဗွန်ဖြည့်စွက်ထားတဲ့ အချိုရည်ရှောင်ပါ။

ကာဗွန်ဖြည့်စွက်ထားတဲ့ အချိုရည်တွေက လေပွတာကို ပိုဆိုးစေပါတယ်။ 

 

၅။ အိပ်ချိန်လုံလောက်စွာအိပ်ပါ။

အိပ်ပျော်သွားတဲ့အခါ ရာသီလာတာကြောင့် ခံစားရတဲ့ ဝေဒနာတွေဖြစ်တဲ့ နာကျင်ကိုက်ခဲတာ၊ လေပွတာ၊ စိတ်တိုတာ စတာတွေ သက်သာသွားပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Good Health Jurnal



Related Articles


Advertisment 18