သန္ဓေသားဆိုင်ရာ ရောဂါရှာဖွေရန် ချက်ကြိုးမှသွေးထုတ်စစ်ဆေးနည်း (Cordocen...
24-Feb-2017
ဤနည်းသည် မျက်မှောက်ခေတ်တွင် ပေါ်ပေါက်လာပြီး စိတ်လှုပ်ရှားဖွယ်ကောင်း သည်။ သန္ဓေသားထံမှသွေးကို ချက်ကြိုး၏ သွေးပြန်ကြောမှ ထုတ်ယူသည်။ ၂၀ ဂိတ် Guage ရှိသော အပ်ဖြင့် အာထရာဆောင်း အကူအညီယူကာ ထုတ်ယူကြည့်သည်။
ဤနည်းဖြင့် သန္ဓေသား၏ န ျူ ကလိယပါ ကလာပ်စည်းခွဲခြင်း Karyotyping အပြင် သွေးဘက်ဆိုင်ရာ၊ ဇီဝဓာတုဗေဒဆိုင်ရာ၊ ဗိုင်းရပ်စ်ဆိုင်ရာ အကြောင်းအရာများကို သိစေသည်။ ဤနည်းကို ဆေးဘက်ဆိုင်ရာဌာန အနည်းငယ်တွေသာ ပြုလုပ်ကြပြီး သန္ဓေသားအပေါ်ကျရောက်စေသည့် အန္တရာယ်မှာ မပြောပလောက်ပေ။
အခြားအကျိုးသက်ရောက်မှုလည်း ရှိသည်။ ရီးဆက်အိုင်ဆို အင်မြူနိုင်ဆေးရှင်း Resus ISO Immunization ပြဿနာများ၊ ကိုယ်ဝန်ဆောင်ကာလ ရောဂါပိုးဝင်ခြင်းများ၊ ဟီမိုကလိုပင်ရောဂါများ၊ သားအိမ်အတွင်း သန္ဓေသား ဖွံ့ဖြိုးမှုနည်းကွေးခြင်း၊ သန္ဓေသား ချွတ်ယွင်းချက်များကို ကုသရာတွင် အကျိုးရှိနိုင်သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလှဖေ
Health for all magazine, January 2016, No. 108, Pg. 32

