ကိုယ်ဝန်ဆောင်များ စိတ်ကျလွယ် တက်လွယ်ခြင်းဟာ ပုံမှန်လား
24-Feb-2017
ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ အထူးသဖြင့် သားဦးဆိုရင် စိတ်ခံစားမှုတွေက ရိုလာကိုစတာ စီးသလို တက်လိုက်၊ ကျလိုက်၊ နိမ့်လိုက်၊ မြင့်လိုက် ဖြစ်တတ်ပါတယ်။မွေးလာတော့မယ့် Baby လေးအကြောင်းတွေးပြီး စိတ်လှုပ်ရှားလိုက် ပြီးတော့ ကလေးမွေးဖွားခြင်းဖြစ်စဉ်နှင့် မိခင်ဘဝရောက်ရမယ့် အဖြစ်ကိုတွေးပြီး စိတ်ဓာတ် ကျချင်သလိုလို ဖြစ်လိုက်နဲ့ တက်လိုက်ကျလိုက် ဖြစ်နေပါတယ်။
ကိုယ်ဝန်ဆောင်ချိန်ထွက်တဲ့ ဟော်မုန်းတွေ ပေါင်းစပ်ပြီး ခံစားမှုတွေကလည်း ပိုပြီး ပြင်းပြင်းထန်ထန် ဖြစ်စေပါတယ်။ သင်တစ်ဦးတည်းမဟုတ်ပါ။ များစွာသော ကိုယ်ဝန်သည်တွေအားလုံး ဒီလိုခံစားမှုများ ကြုံကြရတာဖြစ်တယ်။ မိမိကိုယ်ကိုပြုစုစောင့်ရှောက်ပါ။ ကောင်းကောင်းအနားယူပါ။ စိတ်ဖိစီးမှုတွေ သက်သာစေသော လှုပ်ရှားမှုတွေ ဥပမာ - ကာယလေ့ကျင့်ခန်းလုပ်ခြင်း၊ သူငယ်ချင်းတစ်ယောက်နှင့် စကားပြောခြင်းပြုလုပ်ပါ။ တကယ်လို့ စိတ်ဓာတ်ကျနေရင် ဆရာဝန်ကို ပြောပြပြီး အကူအညီတောင်းပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
မောင် (ဆေးတက္ကသိုလ်)
Health Digest Journal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

