ဣဒ္ဓိဇေယျာ သံဃာ့ဆေးရုံ အဆောက်အအုံသစ် ဖွင့်ပွဲကျင်းပ
20-Mar-2018
စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့ရှိ ဣဒ္ဓိဇေယျာ သံဃာ့ဆေးရုံ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြင်းမူမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ဆေးရုံသစ်ကို ရန်ကုန်တိုင်း ဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဣဒ္ဓိဗလ၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်တင့်တင့်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးဗိုလ်သန်းညွန့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာ ဇော်ဝင်းနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် အလှူရှင်များက ဆေးရုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများနှင့် ထာဝရ အလှူငွေကျပ်သိန်း ၁ဝဝဝ ကိုတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သည်။ ယခုဖွင့်လှစ်သော သံဃာ့ဆေးရုံသစ်မှာ အလျား ၁ဝ၁ ပေ၊ အနံ ၄၅ ပေ အာစီနှစ်ထပ် အဆောက်အအုံဖြစ်ပြီး ငွေကျပ်သိန်း ၅ဝဝ ကျော်အကုန်အကျခံ ဆောက်လုပ်လှူဒါန်းခြင်း ဖြစ်ကြောင်းနှင့် သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာ ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
Credit : မြဝတီ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
