ထူးဆန်းသော ရောဂါအသစ် တစ်မျိုးကြောင့် လူသားတို့ အန္တရာယ်ရှိနိုင်ဟု WHO...
14-Mar-2018
နယူးယောက် မတ် ၁၂ ထူးဆန်းသော ရောဂါအသစ်တစ်မျိုးကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် အန္တရာယ်ရှိလာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားပြီး အဆိုပါရောဂါအသစ်ကို Disease X ဟု အမည်ပေး ထားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ကဆိုသည်။ WHO ကသတ်မှတ်ထားသော ဇီကာဗိုင်းရပ်ပိုး၊ လက်ဆာအဖျားရောဂါ၊ ဆားရောဂါနှင့် အီဘိုလာရောဂါများကြောင့် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း အနောက်အာဖရိကတွင် လူဦးရေ ၁၁ဝဝဝ ကျော် သေဆုံးခဲ့ သည်။
Disease X ရောဂါနှင့်ပတ်သက်၍ လေ့လာစောင့်ကြည့်သူများက စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ အမည်မသိ ရောဂါဆန်းကြောင့် လူသားတို့အတွက် အန္တရာယ်ရှိကြောင်း WHO ၏ပြောဆိုချက်အရ သိရ သည်။ ထို့ပြင် Disease X ရောဂါနှင့်ပတ်သက်၍ ဖြစ်ပွားလာနိုင်သည့် ရောဂါများကို ကာကွယ်နိုင်ရန် ကြိုတင် ကာကွယ်မှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း WHO က တိုက်တွန်းထားသည်။ ထပ်မံဖြစ်ပွားလာနိုင်သည့် ရောဂါပိုးအသစ်သည် ယခင်က ဖြစ်ပွားဖူးသော ရောဂါမျိုးနှင့် လုံးဝမတူနိုင်ကြောင်း၊ ကြိုတင်ကာကွယ်သည့် အနေဖြင့် ကာကွယ်ဆေးများ၊ ရောဂါစမ်းသပ်မှုများကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း WHO ကော်မတီ သိပ္ပံပညာရှင်အကြံပေး ဂျွန်အာနီရိုတင်ဂန်က ဆိုသည်။
Disease X ရောဂါသည် လူသားနှင့် တိရစ္ဆာန်ထိတွေ့မှုများခြင်းနှင့် ဂေဟစနစ် ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရော ဂါဖြစ်ပြီး တိရစ္ဆာန်မှလူသားထံ လျင်မြန်စွာ ကူးစက်နိုင်ကြောင်း၊ ဇီဝဗေဒ အတုအယောင်များက အသက်သေစေနိုင်သော ဗိုင်းရပ်ပိုးအသစ်ကို ဖန်တီးခွင့်ပေးထားပြီး ၎င်းရောဂါပိုးသည် ကူးစက်ခံရပါက ခုခံအား ကျဆင်းကာ လျင်မြန်စွာကူးစက်ပျံ့နှံ့နိုင်ကြောင်း ၎င်းက သတိပေးထားသည်။ အန္တရာယ်ရှိသော ရောဂါပိုးရှစ်ခုနှင့် ပတ်သက်၍ နောက်ထပ် သုတေသန လုပ်ငန်းများ၊ ရောဂါအမျိုးအမည် ဖော်ထုတ်ရေးနှင့် လေ့လာစောင့်ကြည့်ရေးတို့ ပြုလုပ်ရန် လိုအပ်ကြောင်း WHO က ပြောဆိုထားသည်။
Credit: မြဝတီ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
