ဂျာမနီအဖွဲ့အစည်းနှင့်ပူးပေါင်း၍ ၂၀၁၆ တွင် အခြေခံပညာကျောင်းများ၌ သားအိမ...
26-Apr-2017
အသက် (၉) နှစ်မှ (၁၃) နှစ်အရွယ် အမျိုးသမီးငယ်များကို လာမည့်နှစ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် စီစဉ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ယင်းအစီအစဉ်အတွက် ဂျာမနီအခြေစိုက် ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်နေသည့် နိုင်ငံတကာအဖွဲ့အစည်း Global Alliance for Vaccine Immuniza -tion အဖွဲ့နှင့် ချိတ်ဆက်ထားကြောင်း
ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးမှ ညွှန်ကြားရေးမှူးဒေါက်တာသိင်္ဂီမြင့်က ပြောသည်။
‘‘နောက်နှစ်ထဲမှာ ထိုးပေးနိုင်ဖို့ကြိုးစားနေပါတယ်။ ကျောင်းတွေမှာ အဓိကထားပြီးထိုးပေးသွားမယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိုးသွားမှာပါ။ ကျောင်းတွေမှာထိုးရင် ပိုအောင်မြင်မယ် ထင်ပါတယ်။ တော်တော်များများလည်း စိတ်ဝင်စားကြတယ်။ သူ့ကိုလည်း တိုးချဲ့ကာကွယ်ဆေးထိုး စီမံချက်ထဲမှာတည့်ဖို့ပါ လုပ်ဆောင်သွားမှာပါ’’ဟု ဒေါက်တာသိင်္ဂီမြင့်က ပြောသည်။
အသက် (၉) နှစ်မှ (၁၃) နှစ် အရွယ်အမျိုးသမီးငယ်များ ကာကွယ်ဆေးထိုးမည်ဆိုပါက (၆)လ တစ်ခါခြား၍ နှစ်ကြိမ်ထိုးရမည် ဖြစ်ပြီး အဆိုပါအသက်အရွယ်များတွင် ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုကို တစ်သက်လုံး ကာကွယ်နိုင်မည်ဖြစ်ကြောင်း သားဖွားမီးယပ်ဆရာဝန်ကြီးအချို့က ပြောသည်။
‘‘အဓိကက (၉) နှစ်ကနေ (၁၃) နှစ်အရွယ်တွေ ထိုးရမှာ။ အဲဒီအခါမှာမထိုးနိုင်ခဲ့ရင် (၂၆) နှစ်အထိ ထိုးနိုင်တယ်။ အိမ်ထောင်ကျပြီးသွားရင်တော့ သားအိမ်ခေါင်းအမြှေးပါးကို စစ်တဲ့နည်းပဲ အသုံးပြုသင့်ပါတယ်။
ထိုးဖို့မလိုတော့ဘူး။ ဒါက အခု ၂၀၁၄-၁၅ မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ချပေးလိုက်တဲ့ဂိုက်လိုင်းပါ’’ဟု မြန်မာနိုင်ငံဆရာဝန်အသင်း၊ သားဖွားမီးယပ်ပညာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမြသီတာကပြောသည်။
သားအိမ်ခေါင်းကင်ဆာကာ ကွယ်ဆေးတန်ဖိုးသည် ကျပ်သုံးသောင်းခွဲခန့်ရှိသည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးများ၌ အများဆုံးဖြစ်ပွားသော ကင်ဆာမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
Healthcare.com.mm
Ref;
ယမင်း
7 days daily
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
