သားငယ်တို့ လူပျိုဖော်ဝင်လာတဲ့အခါ
28-Feb-2017
သားငယ်တို့ လူပျိုဖော်ဝင်လာတဲ့အခါ
သားငယ်တို့ လူပျိုဖော်ဝင်လာတဲ့အခါ ပထမဆုံး သိသာလာတာက အသံပါပဲ။ ပိုသြရှလာတဲ့ အသံက သူ့အရွယ်ရောက်ပြီဆိုတာကို ဖော်ပြပါတယ်။ သားငယ်ရဲ့ ဝှေးစေ့နှစ်လုံးဟာ ပိုကြီးမားဖွံ့ဖြိုးလာပြီး ကပ်ပယ်အိတ်အရေပြားက ပါးလွှာလာပါတယ်။ မျက်နှာ၊ ချိုင်းနဲ့ ရင်အုပ်တွေမှာ အမွေးလေးတွေ ရေးရေးပေါ်လာမယ်။ ဆီးခုံတစ်ဝိုက်မှာ အမွေးလေးတွေပေါက်လာပြီး သိသာထင်ရှားတဲ့ အရိုးအဆစ်နဲ့ ကြွက်သားကြီးထွား ဖွံ့ဖြိုးမှုကို သင်တွေ့လာနိုင်ပါတယ်။
သားငယ်ရဲ့ သုက်ပိုးကို သိုလှောင်ရာ ဝှေးစေ့ထဲမှာ သုက်ပိုးတွေ စတင်ပေါ်လာပြီး သား
ငယ်ရဲ့ လိင်တံဟာ ရှည်ထွက်လာကာ ညအိပ်စဉ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ထောင်မတ်လာတတ်ပါတယ်။ တစ်ခါတစ်ရံ ညအိပ်ရင်း နိုးထလာတဲ့ လိင်စိတ်ဆန္ဒကြောင့် သူတို့ကိုယ်တိုင်တောင် မသိပါဘဲ သုက်လွှတ်တတ်တာမျိုး ကြုံရတတ်ပါတယ်။
ဒါက သဘာဝတရားဆိုတာ သင်လက်ခံပေးသင့်ပါတယ်။ ဒါကဆယ်ကျော်သက် သားငယ်ရှိတဲ့ မိဘတွေအတွက် အရွယ်မတိုင်မီ လိင်စိတ်ကြောင့် လမ်းမှာမရောက်အောင် သားငယ်ကို ညွှန်ကြားဖို့ အချိန်တန်ပြီဆိုတာ အချက်ပြလိုက်တာပါပဲ။ သားငယ်ကို လိင်ပညာပေးဖို့ ဖခင်က ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း သင်ပြပေးပါ။ တကယ်လို့ သင်က တစ်ယောက်တည်း ရပ်တည်နေရသူ မိခင်ဆိုရင် သားငယ်ကို သင်ပြဖို့ အခက်အခဲဖြစ်နေပါက သင့်အဖေ၊ အစ်ကို အစရှိတဲ့သူတွေကို အကူအညီတောင်းနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နန်းနေနီနွယ် (B.N.Sc, G)
Ziwaka magazine, July 2016, Pg. 110
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
