တရားမဝင်မူးယစ်ဆေးသုံး၍ လိင်ဆံခြင်းက လိင်ကူးစက်ရောဂါပိုဖြစ်စေ
24-Feb-2017
တရားမဝင်မူးယစ်ဆေးတွေသုံးထားပြီး ၄င်းရဲ့ဆေးရှိန်အောက်မှာ လိင်ဆံဆံခြင်းက လိင်မှတဆင့်ကူးစက် ရောဂါဖြစ်နှုန်း ပိုများလာတယ်လို့ သုတေသီတွေက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုကို တိုးမြှင့်ပေးဖို့နဲ့ လိင်စိတ်ကြွဖို့၊ အရှက်အကြောက် လျော့နည်းစေဖို့ သုံးတဲ့ ဆေးတွေဟာ အသုံးပြုသူတွေက အန္တရာယ် ဖြစ်စေတယ်လို့ သုတေသီတွေက ပြောခဲ့ပါတယ်။ စိတ်ကြွဆေးတွေကို လိင်တူချစ်သူ
အမျိုးသားများ အုပ်စုအပါအဝင် အုပ်စုတွေက “အဆက်မပြတ် ရာဂနှိုးဆွစေဖို့” နဲ့ “အဆင်သင့် ဆက်ဆံရဖို့” အတွက်တွေကို သုံးနေကြကြောင်း သက်တွေတွေရှိပါတယ်။ ဒီအုပ်စုတွေမှာ မူးယစ်ဆေးဝါးသုံးသူတွေကြား အကာအကွယ်မဲ့ လိင်ဆက်ဆံရမယ် ဆိုတာဟာ စံသတ်မှတ်ချက် ဖြစ်နေတယ်လို့့ ကျွမ်းကျင်ပညာရှင်တွေက British Medical Journal (BMJ) မှာရေးသားထားပါတယ်။ “အဲ့ဒီ့ မူးယစ်ဆေးဝါးတွေက လိင်ဆက်ဆံတဲ့
အခါ လိင်ဆက်ဆံဖော်များစွာနဲ့ နာရီပေါင်းများစွာ၊ နေ့ပေါင်းများစွာအဆင်ပြေချော မွေ့နေစေဖို့အတွက် အသုံးပြုလေ့ရှိကြပါတယ်။ မော်ဖီဒရုန်းနဲ့ ခရစ်စတယ် မတ်တာဒုန်းတွေဟာ ရုပ်ပိုင်းကို နှိုးဆွဆေးတွေပါ။ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်တွေကို တက်စေပါတယ်။ စိတ်ကျေနပ်မှုနဲ့ ရာဂကိုလည်း နှိုးဆွပေးပါတယ်။” လို့ လိင်ကျန်းမာရေးနှင့်မူးယစ်သုံးစွဲမှု မှာလုပ်နေတဲ့ ကျွမ်းကျင်ပညာရှင်များ အဖွဲ့ကပြောခဲ့ပါတယ်။၏
Ref:
Skyler
thihtoolwin.com
Wednesday, November 4, 2015
Source: Mirror
Tag PhotoAdd LocationEdit
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
