ရင်သားကင်ဆာအတွက် ရောဂါဗေဒ စစ်ဆေးချက်များနဲ့ ပတ်သတ်ပြီး ဘာတွေသိထားရမလဲ။
24-Mar-2018
ရောဂါဗေဒ စစ်ဆေးချက်ဆိုတာက ရင်သားကင်ဆာမှာ အသားစယူပြီး စစ်ဆေးခြင်း ဖြစ်ပါတယ်။ Mammogram နဲ့ ultrasound မှာကင်ဆာပါလို့ ဘယ်လောက်ပဲ သေချာပါစေ biopsy ယူပြီး အသားစကို ရောဂါဗေဒ စစ်ဆေးရမှာပါ။ ခွဲစိတိမှု မလုပ်ခင်မှာ Biopsy ယူပြီး အသားစကို စစ်ဆေးရသလို ခွဲပြီးတဲ့ နောက်မှာလဲ ထုတ်လိုက်တဲ့ အလုံးအကျိတ်ကိုထပ်ပြီး စစ်ဆေးရပါတယ်။ နောက်ဆုံး အတည်ပြုရလဒ်ကိုတော့ ခွဲစိတ်ထုတ်ပြီးမှ ထွက်လာတဲံ အဖြေပေါ်မှာ ယူပါတယ်။ ဒီစစ်ဆေးချက်တွေဟာ အဏုကြည့်မှန်ပြောင်းသုံးပြီး လုပ်ရတဲ့ စစ်ဆေးချက်တွဖြစ်ပါတယ်။ အသားစ တစ်သျူးမှာ ကင်ဆာဆဲလ် အခြေအနေကိုကြည့့်ပီး ဖြစ်နေတဲ့ ကင်ဆာဟာ အနုလား နည်းနည်းအဆင့်မြင့်နေပြီးလား အရမ်းဆိုးရွားတဲ့ အခြေအနေ လားဆိုပြီး သတ်မှတ်ပါတယ် ။
Invasive cancer ( ပျံ့နှံ့ ကင်ဆာ ) တိုင်းအတွက် biomarker analysis လုပ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ မပျံံ့နှံ့သေးတဲ့ နို့ပြွန် ကင်ဆာမှာလည်း စစ်ဆေးရပါတယ်။ စစ်ဆေးတဲ့ အခါမှာ လည်းကင်ဆာဆဲလ်တွေ အပေါ်မှာ အီစရိုဂျင် လက်ခံတဲ့ နေရာ (estrogen receptor ER ) နဲ့ ပရိဂျက်စတီရုန်း လက်ခံတဲ့ နေရာ (progenstrogen receptor ) ရှိမရှိ ကို စစ်ဆေးတာဖြစ်ပါတယ်။ နောက်တစ်မျိုးက Her2 ဆိုတဲ့ gene mutation ( မျိုးဗီဇ ပုံမှန် မဖြစ်တာ ) ကို စစ်ဆေးတာ၊ ကင်ဆာပွားနှုန်းကိုုသိဖို့ ki- 67 ဆိုတာကို စစ်ဆေးရတာမျိူးတွေလည်း ရိှိပါတယ်။ ER (သို့ ) PR positive ဖြစ်တဲ့ ရင်သားကင်ဆာဖြစ်ခဲ့ရင် ဟော်မုနု်းနဲ့ ကုသခြင်းမှာ ပိုပြီးအကျိုးသက်ရောက်မှု ရှိစေပါတယ်။ အဲဒီကင်ဆာတွေဟာ ပွားနှုန်းပိုနှေးပြီး ပြန်ရည်ကျိတ်ကို သိပ်ပြန့်နှံ့နိင်စွမ်းမရှိကြပါဘူး။
Her2 ဆိုတာ oncogene လို့ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင် တဲ့ gene ဖြစ်ပါတယ်။ ရင်သားကင်ဆာ ဖြစ်သူ 20 – 25% မှာ တွေ့ရတဲ့ မျိုးရိုးကြောင့့်ဖြစ်ရတဲ့ Gene Mutation မဟုတ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ အဲဒီကင်ဆာဟာ ကြီးထွားနှုန်းမြန်ပြီး ပျံ့နှံ့နှုန်းလည်းများပါတယ် ။ Her2 positive ဆိုရင်တော့ herceptin ဆိုတဲ့ ဆေးနဲ့ ကုသနိင်ပါတယ်။ Ki – 67 ကို စစ်ဆေးတာက ရင်သားကင်ဆာက ဘယ်လောက်မြန်မြန် ကြီးထွားလာနိင်လဲဆိုတာ ခန့်မှန်းနိင်တဲ့ အသင့်တော်ဆုံး နည်းလမ်းဖြစ်ပါတယ်။ ကြီးထွားမြန်ဆန်လွန်းတဲံ ကင်ဆာတွေဟာ အခြားနေရာတွေကို ပျံ့နှံ့နှုန်းလည်း မြန်ပါတယ်။ microscope နဲ့ ကြည့်လိုက်လို့မြင်ရတဲ့ cell ပမာဏ ရဲ့ ၆၀ % - ၈၀% လောက်ရှိနေပြီး ဆိုရင်တော့ ကြီးထွာနှုန်း အလွန်မြင့် နေပြီး ဖြစ်ပါတယ်။
TNM staging ဆို တာလည်းရှိပါတယ်။ TNM ဆိုတာက ကင်ဆာရဲ့ အရွယ်အစား၊ ပြန်ရည်ကျိတ်ကို ပြန့်နှံ့ခြင်း အခြားအင်္ဂါများကို ပျံ့နှံ့ခြင်းတွေနဲ့ သက်ဆိုင်တဲ့ အခေါ်အဝေါ် ဖြစ်ပါတယ်။ T ဆိုတာက ကင်ဆာရဲ့အရွယ် အစား၊ N ကတော့ ပြန်ရည်ကျိတ် နှင့် M ကတော့အခြားအင်္ဂါများကို ပျံ့နှံ့ခြင်းကို ကိုယ်စားပြုပါတယ်။ အဆင့်သတ်မှတ်ချက်တွေက အနိမ့်ဆုံးက နေအမြင့် ဆုံးသွားမယ်ဆိုရင် 0,I, IIA, IIBV, IIC နဲ့ IV ဆိုပြီး အဆင့် ၈ ခုရှိတယ် ။ TMN မြင့်လေ ခွဲစိတ်ကုသမှု တစ်ခုတည်းနဲ့ ပျောက်ကင်းဖို့ အခွင့်အလမ်းနည်းလေ ဖြစ်ပါတယ်။
Credit Dr. Khin Moe Moe Aung
ဇီဝက မဂ္ဂဇင်း ဇန်နဝါရီလ 2017
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
