Print

ကူးစက်ရောဂါမဟုတ်သော နာတာရှည်ရောဂါများ

  26-Nov-2017
Preview Image

ကူးစက်ရောဂါများ ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းလာချိန်တွင် နာတာရှည် ကူးစက်ရောဂါမဟုတ်သော ရောဂါများ (Chronic – Non communicable disease) ဖြစ်ပွားမှုသည် နှိုင်းယှဉ်မှုသဘောအရ မြင့်တက်လာခဲ့သည်ဟု ဆိုနိုင်သည်။ 


နာတာရှည်ရောဂါများ၏ သဘောမှာ -

• အစဉ်အမြဲဖြစ်နေခြင်း (အမြစ်ပြတ်ပျောက်ကင်းသွားမှုမရှိခြင်း)

• ရောဂါကြောင့် မသန်မစွမ်းဖြစ်မှု ကျန်ရစ်စေတတ်ခြင်း

• ရောဂါဗေဒသဘောအရ ဖြစ်စဉ်များသည် နောက်ကြောင်းပြန်မလှည့်နိုင်ခြင်း (မူလအတိုင်း ပြန်မကောင်းနိုင်ခြင်း)

• လူနာများအား ပြန်လည်ထူထောင်မှုအတွက် လေ့ကျင့်ပေးရန်လိုအပ်ခြင်း

• လူနာအား ကာလကြာမြင့်စွာ စောင့်ရှောက်ကုသပေးရခြင်း စသည်တို့ရှိကြောင်း တွေ့ရသည်။


နာတာရှည်ရောဂါများသည် -

(က) တိကျသော ဇစ်မြစ်မရှိတတ်ပေ။

(ခ) ဖြစ်ပွားသည့် အကြောင်းမှာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကြောင်းခြင်းများစွာနှင့် ဆက်နွှယ်နေတတ်သည်။ 

(ဂ) ရောဂါလက္ခဏာမပြသမီ ကာလကြာရှည်စွာ ငုပ်လျှိုးနေတတ်သည်။ 

(ဃ) ရောဂါစတင်မှုနှင့် ဖြစ်ပေါ်မူတို့မှာ တိကျမှုမရှိပေ။ 


 နှလုံးသွေးကြောရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ လေဖြတ်ခြင်း၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ စသည်တို့မှာ နာတာရှည်ကူးစက်ရောဂါ မဟုတ်သော ရောဂါများ ဖြစ်ကြသည်။ နာတာရှည်ရောဂါများ ဖြစ်ပွားမှုအတွက် အန္တရာယ်များကို လေ့လာကြည့်ပါက  -


• စီးကရက်၊ ဆေးလိပ်သောက်ခြင်း

• အရက် အလွန်အကျွံသောက်ခြင်း

• ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်း

• နေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်း (ကျန်းမာရေးနှင့် ညီညွတ်အောင် စားသုံးမှုမရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း)

• ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များ 

ရေထုညစ်ညမ်းမှု

လေထုညစ်ညမ်းမှု

အဖျက်လက်နက်များ ပိုင်ဆိုင်မှု

• ဖိစီးမှုများ စသည်တို့ကို တွေ့ရမည်ဖြစ်သည်။


ကူးစက်ရောဂါမဟုတ်သော နာတာရှည်ရောဂါများကို ကာကွယ်လိုပါလျှင် ဖော်ပြပါ အန္တရာယ်များကို ရှောင်ရှားကြရန်

ဖြစ်သည်။


Credit: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)



Related Articles


Advertisment 18