ခန္ဓာကိုယ်မှာ အသည်းရဲ့အရေးပါပုံ
01-Mar-2017
ခန္ဓာကိုယ်မှာ အသည်းရဲ့ လုပ်ဆောင်ချက်တွေဟာ အလွန်များပါတယ်။ အစာချေဖျက်ရာမှာ လုပ်ဆောင်ပေးတယ်။ ဂလူးကို့စ်ကို ဂလိုင်ကိုဂျင်အဖြစ်ပြောင်းလဲ သိုလှောင်ပေး ပြီး လိုအပ်ပါက ဂလိုင်ပိုဂျင်ကို ဂလူးကို့စ်အဖြစ် ပြန်လည် ဖြိုခွဲပေးပါတယ်။ အဆီကို သယ်ဆောင်ပေးတဲ့ Apoprotein တွေကို ထုတ်လုပ်ပေးပါတယ်။ အဆီတွေကို Apoprotein နဲ့ပေါင်းပြီး လိုင်ပိုပရိုတင်းအဖြစ်နဲ့ သယ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်အတွင်း သွေးထဲမှာ လှည့်ပတ်နေတဲ့ ပရိုတင်းတွေကို ထုတ်လုပ်ပေးပြီး အန်တီဘော်ဒီဖြစ်တဲ့ Immunoglobulin ကိုတော့ မထုတ်လုပ်ပါဘူး။ သွေးခဲစေတဲ့ ပရိုတင်းနဲ့ သွေးကျဲစေတဲ့ ပရိုတင်းတွေကိုလည်း ထုတ်လုပ်ပေးပါတယ်။ သွေးတွင်းရှိ ဂလူးကို့စ်၊ အဆီဓာတ်၊ ပရိုတင်းနဲ့ အမိုင်နိုအက်စစ်တွေကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးထားပါတယ်။ သံဓာတ်ကို သိုလှောင်ပြီး သွေးထဲမှာရှိတဲ့ အနီဓာတ်ကို ထုတ်ပေးပါတယ်။ သွေးထဲမှာ အမိုးနီးယားဓာတ်တွေ များပါက အန္တရာယ်ရှိပါတယ်။ အသည်းက အမိုးနီးယားကို ယူရီးယားအဖြစ် ပြောင်းလဲပြီး ဆီးထဲကနေ စွန့်ထုတ်ပေးပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဇာခြည်ဝင်း ( ဆေးဝါးတက္ကသိုလ် )
AROGYAM – No.256, November 2013
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
