Print

လေဖြတ်ဝေဒနာရှင်များ ဦးနှောက်ချိတ်ဆက်မှု ကျဆင်းခြင်းကြောင့် စကားပြော စွ...

  27-Feb-2017
Preview Image

လေဖြတ်ဝေဒနာရှင်များ ဦးနှောက်ချိတ်ဆက်မှု ကျဆင်းခြင်းကြောင့် စကားပြော စွမ်းရည် လျော့ကျနိုင်သည်
လေဖြတ်တဲ့အခါ ဦးနှောက်အတွင်းရှိ သွေးကြောငယ်များတွင် သွေးခဲပိတ်ဆို့ မှုကြောင့် ဦးနှောက်အာရုံ ချိတ်ဆက်မှုလျော့ကျပြီး လေဖြတ်ဝေဒနာရှင်များတွင် လအနည်းငယ်ကြာသည်အထိ စကားပြောစွမ်းရည် လျော့ကျတတ်သည်ကို တွေ့ရသည်။ စကားပြောစွမ်းရည်သာမက စာဖတ်နိုင်စွမ်းနှင့် စာရေးနိုင်စွမ်းပါ သိသိသာသာလျော့ကျပြီး ပိတ်ဆို့မှု အနေအထား အနည်းအများအလိုက် စကားမပီသခြင်း၊ စကားမပြောနိုင်ခြင်း တို့ ဖြစ်တတ်သည်ကို တွေ့ရသည်။

စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကိုပါ ရရှိတတ်ပြီး ဦးနှောက်အာရုံကြော ကုသမှုနှင့် အတူ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် စကားပြော၊ စာဖတ် ပုံမှန်ပြန်ဖြစ်စေ ရန် ပြန်လည်ကျင့်ပေးခြင်းဖြင့် မူလစွမ်းရည်ကို ပြန်လည်ရောက်ရှိကြောင်း သုတေသနပြုချက်များအရ တွေ့ရှိရသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Ziwaka magazine, April 2016, Pg.88

 

 



Related Articles


Advertisment 18