မျက်ကပ်မှန်နှင့် မျက်စိကျန်းမာရေး
27-Feb-2017
မျက်ကပ်မှန်နှင့် မျက်စိကျန်းမာရေး
မျက်ကပ်မှန် မတပ်မဖြစ်တပ်ရတဲ့သူတွေမှာ မျက်ကပ်မှန်ကြောင့် မျက်စိယားယံမှု မဖြစ်အောင် ဘယ်လိုကာကွယ်သင့် ပါသလဲ။ မျက်ကပ်မှန်ကို
မတပ်မဖြစ် တပ်ရရင် မျက်လုံးနဲ့ မျက်ကပ်မှန်ထိတွေ့တဲ့အချိန်ကို တိုတောင်းသွားအောင် လုပ်ပေးလိုက်ရင် သက်သာသွားနိုင်ပါတယ်။ မျက်ကပ်မှန်တပ်ရတဲ့ သူဆိုရင် မျက်ကပ်မှန်ထည့်တဲ့ဘူး (Container) ကို အမြဲဆောင်ထားပြီး မနက်ရုံးသွားလို့ မျက်ကပ်မှန်တပ်သွားတယ်ဆိုရင် နေ့လယ်မှာ မျက်ကပ်မှန်ကို နာရီဝက်လောက် ချွတ်ထားပြီးမှ ပြန်ပြီးတပ်ဆင်သင့်ပါတယ်။ ညနေ အိမ်ပြန်ရောက်တဲ့အခါ မျက်ကပ်မှန်ကို ချက်ချင်း ချွတ်ပစ်သင့်ပါတယ်။
မျက်ကပ်မှန်တပ်ပြီးချိန်မှာ ဓာတ်မတည့်မှုကြောင့် မျက်စိနီလာရင် ဘာလုပ်သင့်ပါသလဲ။
ဓာတ်မတည့်မှုကြောင့် မျက်စိကနီလာရင် မျက်ကပ်မှန်ကို ဖြုတ်ပြိး စတီးရွိုက်မျက်စဉ်းဆေး ထည့်ရပါမယ်။ တစ်ပတ်လောက်နေလို့ သက်သာမှသာ မျက်ကပ်မှန်ပြန်တပ်တာမျိုး လုပ်သင့်ပါတယ်။ တစ်ခါတလေကျရင် ဒီမျက်ကပ်မှန် အမျိုးအစားနှင့် မတည့်တာကြောင့် ဓာတ်မတည့်မှုဖြစ်တာဆိုရင်
နောက်မျက်ကပ်မှန် အမျိုးအစားတစ်ခု ပြောင်းတပ်တာမျိုး လုပ်ရပါတယ်။
မျက်ကပ်မှန်တပ်ဆင်တာကြောင့် သွေးကြောရဲတာကကော ဓာတ်မတည့်မှုကြောင့်
ဖြစ်ရတာပါလား။
သွေးကြောရဲတာက အကြောင်းနှစ်မျိုးကြောင့်ဖြစ်နိုင်ပါတယ်။ မျက်ကပ်မှန်လုပ်တဲ့ ပစ္စည်းနဲ့ မတည့်တာကြောင့် ဖြစ်နိုင်သလို မျက်ကပ် မှန်ကျပ်နေတာကြောင့်လည်း
ဖြစ်တတ်ပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင် မျက်မှန်တပ်သူတွေ အနေနဲ့ Acanthemoeba ပိုးကျရောက်တတ်ပါတယ်။ ကံကောင်းတာက မြန်မာနိုင်ငံမှာ ဒီပိုးကျရောက်တာကို မတွေ့ရသေးပါဘူး။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကလိုလ်)
Arogyam magazine, No.253, August 2013,Pg.44-45
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
