ထူ၍ ကြီးလာသော နှလုံးကြွက်သား ရောင်ရမ်းခြင်းရောဂါ
27-Feb-2017
ထူ၍ ကြီးလာသော နှလုံးကြွက်သား ရောင်ရမ်းခြင်းရောဂါ
ဗီဇမျိုးစေ့ ကမောက်ကမ ဖြစ်ခြင်းကြောင့် လူထုတွင်း ထိခိုက်မှုမှာ ၅၀၀ လျှင် တစ်ယောက် ဖြစ်သည်။ နှလုံး ဘယ်ဘက် အောက်ခန်း ကြီးထွားမှုမှာ ပုံသဏ္ဍာန် အချိုး မကျခြင်းဖြစ်သည်။ တစ်ခါတရံ နှလုံး ညာဘက် အောက်ခန်းကိုလည်း ထိခိုက်စေသည်။ ၇၀ ရာခိုင်နှုန်းတွင် မိသားစု ရာဇဝင်ရှိသည်။ အဖြစ် အများဆုံး တင်ပြလာသည့် လက္ခဏာများမှာ -
• မိသားစုများ အတွင်း နှလုံးခုန်မူ မမှန်ခြင်းကြောင့် ရုတ်တရက် သေဆုံးမှုဖြစ်သည်။
• လူနာများတွင် လက္ခဏာ မပြခြင်း ရှိတတ်သည်။
• အားနည်း၊ သတိ မေ့မြောခြင်း၊ နှလုံးခုန် ရင်တုန်ခြင်းများ (သို့) ကြိုးပမ်း အားထုတ် အလုပ်လုပ်မှုကြောင့် မောပန်း နွမ်းနယ်ခြင်းတို့ ဖြစ်သည်။
• အချို့သော လူနာများတွင် နောက်ဆုံး လှုပ်ရှား ဆောင်ရွက်မှု အစွန်းရောက်ခြင်းကြောင့် နှလုံး အလုပ်လုပ်မှု ဆုံးရှုံးသွားသည်။
ရုတ်တရက် သေဆုံးမှု အန္တရာယ်ကို လျော့နည်းသွားရန် ကာကွယ်ခြင်းသည် အရေးကြီးသည်။ ရောဂါ ဖော်ဆောင်ပြီးသောအခါ -
• လူနာသည် ယှဉ်ပြိုင်ရသော အားကစားများကို ချက်ချင်း ရပ်ဆိုင်းစေရမည်။
• အားကုန် ပြုလုပ်ရသော လေ့ကျင့်ခန်းကို ရှောင်ကြဉ်ရမည်။
• နှလုံးရောဂါ အထူးကု ဆရာဝန်ကြီးနှင့် တိုင်ပင် ဆွေးနွေးရန် အရေးကြီးသည်။
• တချို့လူနာများကို ဆေးကုသချက် ပေးရမည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလဲ့လဲ့ဝင်း
Health for all magazine, March 2016, No.110, Pg. 22-23
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
