ကျောက်ကပ်ပျက်စီးခြင်း
27-Feb-2017
ကျောက်ကပ်ပျက်စီးခြင်း
ကျောက်ကပ်ပျက်စီးသည် ဆိုသည်မှာ အကြောင်းရင်းအမျိုးမျိုးတော့ ရှိသည်။ ဝမ်းလျှောလို့ သွေးပေါင်ကျပြီး ကျောက်ကပ်ပျက်စီးတာ၊ မြွေကိုက်လို့ ကျောက်ကပ်ပျက်စီးတာမျိုးက ရုတ်တရက်ဖြစ်သည့် ကျောက်ကပ်ပျက်စီးမှုတွေ၊ ကျောက်ကပ်ပြန်လည် နာလန်ထပြီး နေကောင်းလာအောင် အချိန်ကာလတစ်ခု အထိတော့ စောင့်ရသည်။
ထိုအခါမျိုးမှာ ကျောက်ကပ်ဆေးထားနိုင်ရင် လူနာအသက်ရှင်ပြီ။ နာတာ ရှည် ကျောက်ကပ်ပျက်စီးတာ ကျတော့ သည်လိုသဘောတရားမဟုတ်တော့။ ဆီးချိုကြောင့်ဖြစ်ဖြစ်၊ သွေးဆိုးရောဂါကြောင့်ဖြစ်ဖြစ်၊ နောက်ခံကျောက်ကပ်ရောဂါ တစ်ခုခုကြောင့်ဖြစ်ဖြစ်၊ ဖြည်းဖြည်းချင်း ကျောက်ကပ်ပျက်စီးတာမျိုးကျတော့ ခဏတာ ကျောက်ကပ်ဆေးလိုက်ရုံနှင့် မရတော့။ ကျောက်ကပ်ဆေးမှ အသက်ရှင်မည် ။
ကျောက်ကပ်ဆေးပြီး အသက်ဆက်ရသည်။ ဒါတွေက ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုတွေ မရှိခင်မှာ ဖြစ်ခဲ့တာတွေပါ။ ကျောက်ကပ်ဆိုတာမျိုးက ၂၄ နာရီပတ်လုံး အလုပ်လုပ်နေတာ ဖြစ်သည်။ ကျောက်ကပ်ဆေးခြင်း (Dialysis) ဆိုသည်က အများဆုံး လုပ်နိုင်မှာ တစ်ပတ်ကိုသုံးကြိမ်ပေါ့။ သည်တော့ ဘယ်လောက် ကျောက်ကပ်ဆေးနိုင် ပါသည်ပြောပြော ပုံမှန်ကျောက်ကပ် တစ်လုံး၏ အရည်အသွေးကိုတော့ မမီရေးချ မမီနိုင်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလွှမ်းမိုးဟန်
Health for all magazine, December 2014, Pg.79-80
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

