သွေးလေးဖက်နာ
25-Feb-2017
အခုပြောမယ့် လေးဖက်နာကတော့ ပိုးကြောင့်ဖြစ်တဲ့ လေးဖက်နာမဟုတ်ပါဘူး။ သွေးကြောင့် ဖြစ်တာ၊ ပိုးသတ်ဆေးတွေ စားလို့ မပျောက်ပါဘူး။ သွေးကို ပြန်ပြီးသန့်ပေးတဲ့ ဆေးစားရပါမယ်။ သွေးလေးဖက်နာဟာ ကြာရင်၊ မကုသရင် အဆစ်အကောက် ကွေးသွားတက်ပါတယ်။ ခန္တာကိုယ်ထဲမှာ ပြေင်ကရောဂါပိုးမွှားတွေ ဝင်လာရင် ခုခံဓာတ်ရှိပါတယ်။ ဒီခုခံဓာတ်က တစ်ခါတလေမှာ မျက်စိလည်ပြီးတော့၊ ပိုးကိုမတိုက်ဘဲ ကိုယ့်ပစ္စည်း ကိုယ်ပြန်တိုက်တာရှိတယ်။ အဲဒီအခါမှာ ထွက်လာတဲ့ဓာတ်ကို RHEUMATOID FACTOR (RF) လို့ခေါ်ပါတယ်။ အဲဒီဓာတ်က အရိုးအဆစ်တွေကို တို်က်ခိုက်တဲ့အခါ သွေးလေးဖက်နာဖြစ်ပွားရပါတယ်။
အရွယ်မရွေး၊ ကျားမ မရွေးဖြစ်နိုင်ပါတယ်။ အသက် (၃၀)မှ (၅၀)ကြား အဖြစ်များပါတယ်။ မိဘမျိုးရိုးထဲမှာ ဖြစ်ဖူးတဲ့ လူရှိရင်လည်း ဖြစ်နိုင်ချေရှိပါတယ်။ ကင်ဆာရောဂါလိုပဲ ကံဆိုးတဲ့လူတွေမှာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ လူ ၁၀၀ မှာ ၁ ယောက် နှုန်းလောက် ဖြစ်ပွားပါတယ်။ အဓိကလက္ခဏာကတော့ အဆစ်နာတာပဲ။ အဆစ်တစ်ဆစ်တည်း မဟုတ်ဘဲ လေးခုလောက်နာပါတယ်။ ဒူးအဆစ်တစ်ခု ပဲ နာတယ်ဆိုရင်တော့ အရိုးကျီးပေါင်း ဖြစ်ဖို့များပါတယ်။ အဆစ်ဟာနာရုံတင်မကဘဲ ရောင်ရမ်းနေမယ်။ ဖောင်းနေမယ်ဆိုရင် စမ်းသပ်စစ်ဆေးရပါမယ်။ နောက်တစ်ခုကတော့ နာတဲ့အဆစ်ကို လက်ညှိုးနဲ့ လက်မကြားမှာ ဖျစ်ညှစ်ကြည့်လိုက်လို့ ပိုမနာဘူး ဆိုရင် ကိစ္စမရှိဘူး။ မခံနိုင်အောင် နာတယ်ဆိုရင်တော့ သွေးလေးဖက်နာ ဖြစ်နိုင်ချေပိုများပါတယ်။ တတိယတစ်ချက်ကတော့ အဆစ်နာတာက လှုပ်လိုက်ရှားလိုက်ရင် ပိုမနာဘဲ သက်သာပြီး၊ မနက်စောစောမှာ တစ်နာရီကျော် နာနေတာပါပဲ။
ရောဂါနုစဉ် ကြိုတင်ပြင်ဆင်ခြင်း
ရောဂါဖြစ်စ မှာ သုံးလ အတွင်း ဆရာဝန် နဲ့ ပြသ စစ်ဆေးပြီး ရောဂါ ရှိရင် ဆေးကုသ မှုခံယူရမယ်။ အချိန်ကြာ ထားပြီး ကုသမှု ကောင်းစွာ မခံယူရင် အရိုးများ ကောက်ပြီး ခွဲစိတ် ကုသ ရတတ်တယ်။ အဆစ်ရောင်ရောဂါ ပျောက်ဆေးသောက်ရင် ရက်အနည်းငယ် မှာ ရောဂါ သက်သာ ပျောက် ကင်းပေမယ့် ခုခံအား ဟန့်တားစေတဲ့ ဆေးကို အနည်း ဆုံး နှစ်နှစ် ခန့် သောက် မှ ရောဂါပျောက် ကင်းတယ်။ ခုခံအား ဟန့်တားတဲ့ဆေးကို တစ်လ သို့မဟုတ် နှစ်လ ခန့်သာ သောက်ပြီး ဖြတ် ထား ရင် ရော ဂါပြန် ဖြစ်နိုင် တယ်။ အသက်အ ရွယ် ကြီးရင့်သူများ အနေနဲ့ အဆစ်များနာ ရင် ရော ဂါ ပျောက်နှုန်းနှေး တယ်။ ဆရာဝန် ညွှန်ကြားတဲ့ ဆေးကို လနဲ့နှစ်နဲ့ ချီပြီး သောက်ရမယ်။ ခွဲစိတ်မှု မခံရအောင် ရောဂါနုစဉ် ဆရာဝန် နဲ့ပြပြီး စောစီးစွာ ကုသ မှု ခံယူရမယ်။
ရောဂါ ရှာဖွေနည်း
ရောဂါ ရှာဖွေနည်းမှာ ဓာတ်မှန်နည်း အရ လက်ဆစ်များ ပွန်းထားပြီး ပုံပျက်နေမှု များ တွေ့နိုင် သလို သွေး စစ်ဆေးရင် သွေးထဲ အေအက်စ်အို များနေမယ်။ ပုံမှန် ၂ဝဝ အိုင်ယူရှိပြီး ယင်း ဓာတ် များရင် လေးဖက်နာ ဖြစ်တတ် တယ်။ ရောဂါ ကုသခြင်း ရောဂါရှိ၊ မရှိစစ်ဆေးပြီးနောက် ဆရာဝန် နဲ့ ကုသရမယ်။ အများအားဖြင့် အဆစ်ရောင် ပျောက်ဆေးပေး တတ်တယ်။ အဆစ်ရောင် ပျောက်ဆေးပေးပြီး ခန္ဓာကိုယ်ရဲ့ အဆစ် များဟာ ကောက်ကွေး လာတတ်တယ်။ လူနာရဲ့ အဆစ်များ ပြင်းထန် စွာ နာကျင်ပြီး အိပ်ရာမှ မထနိုင်ရင် စတီးရွိုက် ဆေးများပေး ရတယ်။ လျှပ်စစ်ဓာတ် နဲ့ ကုသပေးရ သလို ခွဲစိတ်ပြုပြင် ရတတ်တယ်။ ဆေးနှစ်နှစ်သောက်ပြီး ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း လုပ်ပေး ရမယ်။ ထိုးဆေး လစဉ် ထိုးပေးရင်လည်း ရတယ်။ ရှောင်ကြဉ်ရန် အအေးမိနှာစေး၊ ချောင်းဆိုးခြင်းတို့ မဖြစ်အောင် ရေစိုအဝတ်များ ကြာရှည် မဝတ် ထားရ။ အအေး မခံရပါ။
ရှောင်ကြဉ် ရမည့် အစာ
အက်စစ်ဓာတ် ဖြစ်စေ တဲ့ အမဲနှင့် ဆိတ် ကလီစာများ ၊ နို့နှင့် နို့ထွက် ပစ္စည်း များ၊ ဖြူဖွေးနူးညံ့ တဲ့ ပေါင်မုန့်ဖြူ၊ ပီဇာ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ကိုကာကိုလာ၊ ကိတ်မုန့်၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ဆီးသီး၊ ငှက်ပျောသီး၊ ဥ အမျိုးမျိုး အသင့် အမြန်စား အစာများ မစားရပါ။
Healthcare.com.mm
Ref;
Aye Chan Mon
Source: Mg Mandalay
Ref;
Myawady
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
